Arc-4.20 Unicode

1.2K 130 11
                                    


Warning

ဂျွန်နသန်-" ကဲ... ခုအားလုံးလည်းရှင်းသွားပြီဆိုတော့....စခန်းသားအသစ်တွေကို....မိတ်ဆက်ပေးမယ်....ပြီးတော့သူတို့က...ငါရဲ့အသက်သခင်တွေပဲ.....နောက်ထပ်သတင်းကောင်းတစ်ခုက....ငါတို့ကာကွယ်ဆေးဖော်ဆပ်နိုင်ပြီဆိုတာပဲ...အဲဒါကလည်း...သူတို့ရဲ့ကျေးဇူးကြောင့်ပဲ.... "

ဂျွန် သူ့ကိုကယ်လာတဲ့ သူနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ရင်း သူတို့အရင်လို ဇွန်ဘီတွေမရှိတဲ့ ကမ္ဘာကြီးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ရတော့မည် ​ဖြစ်ကြောင်းပြောပြလိုက်သည်။

" တကယ်လား...ကာကွယ်ဆေးကဖော်နိုင်နေပြီလား....အီးးးး...ဟီးးးး...နောက်ဆုံးတော့...ငါတို့တွေ....အသက်ရှင်နိုင်ပြီ..... "

" ဟုတ်တယ်...ငါတို့တွေပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီ....ဟားး....ဟားးး.....ပျော်လွန်းလို့...မျက်ရည်တောင်ကျလာပြီကွာ....ဟားးး.... "

" ဒီကိစ္စနဲ့.... ပတ်သက်ပြီး....ခေါင်းဆောင်ဂျွန်ကို....ကျေးဇူးအများကြီးတင်ပါတယ် "

" ဟုတ်ပါတယ်....ခေါင်းဆောင်ဂျွန်က...ကျွန်တော်တို့ကို....စောင့်ရှောက်ပေးခဲ့တာ... "

ဂျွန်နသန်-" ဒီကိစ္စက...ငါ့ကိုကျေးဇူးတင်ရမှာမဟုတ်ပါဘူး....သူတို့နှစ်ယောက်ကို ပါ....သူတို့က...ဖြေဆေးကိုတွေ့ခဲ့တဲ့သူတွေပဲ...."

ဂျွန် သူ့ကိုကယ်ပေးခဲ့သော ကောင်လေးတွေကို ပြုံးပြရင်း ပြောလိုက်သည်။

စခန်းက ပါလေရာငပိချက်ကလေးများ

" ဝါး....ဘယ်လိုတွေ့တာလဲဟင်...စိတ်ဝင်စားသွားပြီ....ပြောပြပေးပါလား "

" စပ်စုတယ်လို့တော့မထင်နဲ့နော်....ဒီက... အကိုချောချောလေးတွေက...ပြောပြပေးပါလား..... "

" wow... မိုက်လိုက်တာ...ညဏ်ကြီးရှင်ပဲ "

" အဲ့လောက်လည်းမဟုတ်ပါဘူးဗျာ....ပြောဆိုတော့လည်းပြောရမှာပေါ့ "

ဂျွန်နသန်-" ကဲ...မင်းတို့မေးချင်တာမေးပြီးရင်....သူ့တို့နေရမယ့်အခန်းဆီခေါ်သွားလိုက်....ငါတို့သွားပြီ "

ဂျွန် day ကို ဖက်ကာပြောလိုက်သည်။ ခုချိန်ထိ မငြောင်းပဲ သူ့ကို ချီထားနိုင်သော day ကိုတော့ ချီးကျူးမိသည်။

system one o six(106) S -1 ( Z &U )Where stories live. Discover now