Arc-2.16 Unicode

2.7K 263 7
                                    


ရှီးအာ နိုးလာတော့ ကြီးမားတဲ့အိပ်ယာကြီးပေါ်မှာ ရောက်နေလေသည်။ သူမထဖို့ကြိုးစားပေမဲ့ အိပ်ယာပေါ်ကိုသာ အရုပ်ကြိုးပျက်သလို့ ပုံ၍ကျသွားလေသည်။ ရှီးအာ သူမရဲ့ခန္ဓာကိုယ်ကို ပြန်ငုံကြည့်လိုက်တော့ သူမတစ်ကိုယ်လုံးမှာ အနီမှတ်ရာများ တစ်ချို့ဆို အညိုတောင်ပြောင်းနေတာကို မြင်လိုက်ရတာကြောင့် သူမကြောက်လန့်သွားရသည်။

လန်ရှီးအာ-" အားးးးး.....မနေ့ညကဘာဖြစ်သွားတာလဲ.....ငါဘာဖြစ်သွားတာလဲ.....စိတ်ငြိမ်ငြိမ်ထားပြိီး....စဥ်းစားစမ်း.....လန်ရှီးအာ.....ငါ.....ဟုတ်တယ်....ဟုတ်တယ်.....အဲ့လူကအကိုယန်ရှန့်ပဲနေမှာ....ငါအကိုယန်ရှန့်ကိုမနေ့ကဆေးခတ်လိုက်တာပဲ....အကိုကမထိန်းနိုင်ဘဲ....ငါနဲ့မှားမိတာ.....ဟက်....လင်းသွဲ့ဟန်....ထိုက်ယန်ရှန့်က....ငါအပိုင်ပဲ​ဖြစ်လာတာမလား....ဟား....ဟား "
......
......

မဲမှောင်နေတဲ့အခမ်းတစ်ခုထဲမှာ တီဗွီတစ်လုံးရဲ့ အလင်းရောင်သာရှိနေသည်။ အခန်းက တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံပင်မကြားရ ၊ ကြားရသည်ဆိုလို့ တီဗွီထဲကထဲက မိန်းမတစ်ယောက်ရဲ့အသံပင်။တီဗွီကိုကြည့်နေတဲ့ လူကဘယ်သူလဲ ဆိုတာကို မမြင်ရပေ။ တီဗွီအလင်းရဲ့ဂုဏ်သတ္တိကြောင့် ထိုလူရဲ့နှုတ်ခမ်းပါးတစ်စုံနဲ့ ထိုလူရဲ့ ကိုယ်ပေါ်ပိုင်းကိုမြင်နေရသည်။ ထိုသူက အနက်ရောင်လက်ရှည်ကိုဝတ်ဆင်ထားပြီး နှုတ်ခမ်းမှာလည်း ရက်စက်တဲ့ အပြုံးကိုတပ်ဆင်ထားသည်။ ခနနေတော့ ထိုလူဆီမှ ရယ်သံတစ်ချို့နဲ့ စကားပြောသံတစ်ချို့ကို ထုတ်လွှင့်လာသည်။

"ဟားးး....ဟားးး.ဟားးး....လန်ရှီးအာ.....လန်ရှီးအာ....မင်းကဒီထက်ပို​ဆိုးရအုံးမှာပါ....စောင့်ကြည့်​လိုက်....မင်းတို့နှစ်ယောက်စလုံးကို....အဆုံးသတ်ပေးမယ်.....ငါ့ကိုဖောက်ပြန်တဲ့အတွက်....ထိုက်ယန်ရှန့်..... မင်းလည်းမင်းအပြစ်ကိုခံရမှာပါ....ငါကဘက်မလိုက်တတ်ပါဘူး.....ဟားးး....ဟားးးး....ဟားးး.... "

ထို့နောက်အခန်းဟာငြိမ်သက်စွာပင် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ ဒီတစ်ခါမှာတော့ ဘာအလင်းရောင်မှမရှိတဲ့အခန်းတစ်ခုတွင် ခုနရှိနေခဲ့တဲ့လူဟာလည်း ထူးဆန်းစွာပင် ပျောက်ကွယ်သွားသည်။
.......
.......

system one o six(106) S -1 ( Z &U )Where stories live. Discover now