Arc-2.5 Unicode

3.5K 290 8
                                    


ယန်ရှန့် ကိုယ့်ပေါ်ကိုလဲကျတော့မယ့် မိန်းကလေးကြောင့် ဘေးကိုရွေ့လိုက်ရင်း

ထိုက်ယန်ရှန့် - " ကိုယ်ဘာသာ... ဆေးခန်းသွားလို့ရတယ်မလား "

လန်ရှီးအာ - " ရ....ရပါတယ် "

အကိုယန်ရှန့်က...ငါ့ကိုရွံလို့မဟုတ်လောက်ပါဘူး...သူကငါ့ကိုကြိုက်နေတာပဲဟာ...သူငါနဲ့အသားချင်းထိရမှာ...ရှက်လို့နေမယ်...ဟိဟိ...ချစ်စရာကောင်းလိုက်တာ

ရှီးအာ ( ခေါင်းမူးသလိုလဲချမလို့ လုပ်လိုက်ပေမယ့် ယန်ရှန့်က သူ့ကိုရွံစရာလို ဘေးရွှေ့သွားသဖြင့် သူမအကြံအစီမအောင်မြင်လိုက်ပေ။ဒါပေမယ့် ရှီးအာ ကိုယ်ဘာသာဖြည့်တွေးလိုက်ရင်း ပျော်မြူးနေသည်။

လန်ရှီးအာ - " ဟို... ဒါဆို....ကျေးဇူးဆပ်တဲ့အနေနဲ့နဲ့....စားသောက်ဆိုင်တစ်ဆိုင်သွားရအောင်လေ "

ထိုက်ယန်ရှန့် - " မိန်းကလေး....ဒီပုံစံနဲ့သွားနိုင်မယ်လို့တော့...ကျွန်တော်မထင်ဘူး....ဆေးခန်းအရင်သွားပြလိုက်ပါ....ကျွန်တော်တို့ကိုနောက်မှလိုက်ကျွေးပေါ့ "

ယန်ရှန့်မိန်းကလေးကို ပြုံးရင်းပြောလိုက်သည်။ယန်ရှန့် ညိုမဲစွဲနေပြီး အဝတ်တွေလဲ​ပြဲနေတဲ့ မိန်းကလေးကိုကြည့်ပြီး အနည်းငယ်တော့သနားမိသည်။ ဒီအခြေအနေမျိုးမှာတောင် စားသောက်ဆိုင်လိုက်ပို့မယ်ဆိုတော့ စိတ်ရင်းကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ယန်ရှန့်စိတ်ထဲ မှတ်ထားလိုက်သည်။
( W/ ယန်ရှန့်က...သနားတတ်တာမို့... ဇာတ်လိုက်မကိုသနားသွားတာပါ...သူက 17နှစ်ပဲရှိသေးတာမို့ ...ဇာတ်လိုက်မရဲ့...ဟန်ဆောင်မျက်နှာဖုံးကိုမသိတာပါ )

Host - " ရှန့်စုတ်...ရှန့်နာ..ရှန့်ပျက် ....ငါ့ကိုကောရှိတယ်လို့သတ်မှတ်ရဲ့လား....မင်းတို့နှစ်ယောက်ပဲ...စကားပြောနေတယ် "

ဇာတ်လိုက်အစုတ်အပြတ်ကောင်...ပြောတော့ငါ့ကိုပဲချစ်ပါတယ်ဆိုပြီး...ခုကျငါ့ရှေ့တည့်တည့်မှာတောင်မရှောင်...ဇာတ်လိုက်မနဲ့...အီစီကလီလုပ်ရဲတယ်ပေါ့လေ...ဒေါင်းစားကြီး...သေနာကြီး

Six - [ host ...ဘာဖြစ်တာလဲ...သဝန်တိုတာလား... host ရေ...ဇာတ်လိုက်ကိုချစ်နေပြီမလားမှန်မှန်ဖြေ ]

system one o six(106) S -1 ( Z &U )Where stories live. Discover now