Arc-5.4 Unicode

1.3K 142 5
                                    


host-" ရှီးကော.... ကျွန်တော်အအေးသွားဝယ်လိုက်အုံးမယ်နော်...ခနစောင့်... "

နွဲ့ဝမ်ရှီး-" အင်း...မြန်မြန်တော့လာနော်.... "

host-" ဟုတ်ကဲ့ပါဗျ.... "

နွဲ့ဝမ်ရှီး-" အဲ့လောက်ပြေးသွားနေတာ...ခလုတ်တိုက်လဲကုန်တော့မှာပဲ.... "

ဝမ်ရှီး ပြေးထွက်သွားသော ရှင်းဟန်ကြောင့် အလိုလိုရေရွတ်မိသွားသည်။

ချင်ဖန်ရှိ-" အဲ့လောက်စိုးရိမ်နေလဲ....ဘာလို့လိုက်မသွားတာလဲ...ရှီး "

နွဲ့ဝမ်ရှီး-" ရှိ...မင်းတို့ဘာလာလုပ်တာလဲ.... "

ဝမ်ရှီး သူ့ရဲ့မျက်နှာချင်းဆိုင် ခုံမှာ လာထိုင်တဲ့ ရှိနဲ့ဖုန်းအာကို အလိုမကျစွာမေးလိုက်သည်။ သူခုချိန်မှာ ရှိနဲ့ဖုန်းအာကို လုံးဝမပတ်သတ်ချင်ပေ။သူမှားထားတာဆိုတာသိပေမယ့် တောင်းပန်ဖို့ကသူ့အတွက်ခက်ခဲလွန်းသည်။ ပိုဆိုးတာက သူတို့ကို မျက်နှာချင်းမဆိုင်ချင်ပေ။

အန်းထိုက်ဖုန်း-" ကို...ကိုကို....ဒီကနေသွားရအောင်... "

ချင်ဖန်ရှိ-" ဘာမှမဖြစ်ပါဘူး....မကြောက်နဲ့....ကိုယ်ရှိတယ်.... "

^^ ရှီး....မင်းဖုန်းအာအပေါ်ကို....လုပ်ထားတာတွေကို....ငါလုံးဝမကျေနပ်ဘူး....မင်းက...အတွင်းစိတ်ပုတ်သိုးနေတဲ့....သူဘဲ...ငါမင်းကို...သူငယ်ချင်းလိုခင်ထားခဲ့တာ....မင်းကတော့....ဖုန်းအာအပေါ်လုပ်ရက်တယ်...သူဘယ်လောက်ကြောက်မလဲ...မတွေးမိဘူးလား....တောက်.... ^^

ဖန်ရှိ တုန်ရီနေတဲ့ ဖုန်းအာ ပုခုံးလေးကို ဖက်ကိုင်လိုက်သည်။ ရှီးကို အကြည့်စူးစူးတွေ ပေးဖို့ကိုလည်းမမေ့လျော့ ။

နွဲ့ဝမ်ရှီး-" ငါတောင်းပန်ပါတယ်ဖုန်းအာ....သွားခွင့်ပြုပါဦး "

ဝမ်ရှီး တည်တည်ငြိမ်ငြိမ်ပဲ ရှိတို့ကို ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည်။

နွဲ့ဝမ်ရှီး-" ဟင့်...အင့် "

^^ ဘာလို့ငိုနေတာလဲ....ဒါတွေအားလုံးက....မင်းအမှားတွေပဲ....ရှိရဲ့....အမုန်းတွေကို...မင်းခံသင့်တယ်...ဟား... ^^

ဝမ်ရှီး စီးကျနေတဲ့ မျက်ရည်တွေနဲ့ တစ်ခါတစ်ခါရှိူက်သံထွက်နေတဲ့ သူ့ကိုယ်ကိုယ်မုန်းမိသည်။ သူအရမ်းမုန်းသည်။ တကယ်ဆို သူခံသင့်တာပေါ့ ။ ဒီထက်မကခံသင့်တယ် ။ သူက အရှက်မရှိတဲ့ မိုက်ရိုင်းတဲ့ကောင်လေ ။

system one o six(106) S -1 ( Z &U )Where stories live. Discover now