Arc-3.11 Zawgyi

81 5 0
                                    


" သခင်ဖြေးဖြေးလုပ်ပါဗျ....ကျွန်တော်နာတယ်နော်....သူ့အသားမဟုတ်တိုင်း "

" ငါကမင်းသခင်နော်....မင်းတပည့်မဟုတ်ဘူး....စကားကိုကြည့်ပြော....ငါရိုက်လိုက်လို့တစ်ကိုယ်လုံးကျိုးသွားမယ် "

" ကျွန်တော်ကအဲ့လောက်အားမနည်းပါဘူးနော်....အ...ဖြည်းဖြည်း.
.ကျွန်တော်မှာကြွက်သားတွေမှ.....သခင်ထက်တောင်များသေး.... "

" မင်း!!....မင်းဘာပြောတယ်...ငါကဘယ်သူတုန်းသိလား...ငါနတ်ဘုရားခေါင်းဆောင်ရဲ့သားကွ....လာမင်းများတယ်ဆိုတဲ့....ကြွက်သားတွေယှဉ်မလားပြော....လာလေ...ခုချွတ်! "

ယွဲ့ဟန်တစ်ယောက် ကိုယ်ရံတော် ရုံယီ ရဲ့အဝတ်တွေကိုဇွတ်ဆွဲချွတ်လေသည်။ သူရဲ့ခမည်းတော်က သူငယ်ငယ်ကစောင့်ရှောက်ဖို့နဲ့ အဖော်ရအောင်ဆိုပြီး ကလေးတစ်ယောက်ခေါ်လာခဲ့သည်။ ထိုကလေးနာမည်က ရုံယီတဲ့ ။ မျိုးရိုးကတော့ မသိပေ။ ရုံယီနဲ့ ယွဲ့ဟန်က ငယ်ငယ်ထဲက ပေါင်းသင်းလာခဲ့ကြတာ ကိုယ်ရံတော်နဲ့ အစေခံလိုမဟုတ်ဘဲ သူငယ်ချင်းလိုပင်အရမ်းရင်းနှိီးသည်။ ရုံယီကလည်း ယွဲ့ဟန်ကို အမြဲစောက်ရှောက်တတ်ပြီး ယွဲ့ဟန်ကလည်း ရုံယီအပေါ်တွင် အများနဲ့မတူသည့် ထူးခြားတဲ့ ဆက်ဆံရေးမျိုးရှိသည်။ ယွဲ့ဟန်က ရုံယီနဲ့ဆို ရွံတယ်လို့မခံစားရပဲ သူ့ကိုယ်ကိုလုံခြုံမှုရှိပြီး အမြဲပေါ့ပေါ့ပါးပါးနေတတ်သည်။

ရုံယီ-" တော်... တော်ပါပြီ....သခင်လေးရဲ့...ကျွန်တော်ထက်သခင်လေးကပိုများပါတယ်... "

ရုံယီ ပါးများနီရဲလာရပြီ သခင်လေးကို ငြင်းဆန်လိုက်သည်။ အမှန်တကယ် ပြောရရင် သူသခင်လေးအပေါ် မရိုးသားဘူးဆိုတာကိုတော့ဝန်ခံရပေမည်။ ရုံယီငယ်ငယ်က မှတ်ညဏ်တွေကိုလည်း ဘာတစ်ခုမှမမှတ်မိပေ။ သူသိတာဆိုလို့ နတ်ဘုရားခေါင်းဆောင်က သူ့ကိုကယ်တင်ခဲ့တဲ့ သူ ၊ သခင်လေးက သူ့ကိုကယ်တင်ခဲ့တဲ့သူရဲ့ သားဆိုတာပင်။ ရုံယီငယ်ငယ်ထဲက သနားတဲ့အကြည့်တွေ ၊ မတူမတန်တဲ့အကြည့်တွေကို သာသူကြုံခဲ့ရသည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုလိုလားသည်မရှိခဲ့။ ဒါပေမယ့် သခင်လေး သခင်လေးက သူ့ကိုလိုလားတဲ့တစ်ဦးတည်းသောသူပင်။ ဒါကြောင့် သခင်လေးရဲ့စေတနာတွေကို ပြန့်တုန့်ပြန်နိုင်ဖို့ သူကြိုးစားခဲ့တယ် ။ ပထမတော့ သခင်လေးအပေါ် အကိုတစ်ယောက်လိုသဘောထားပေမယ့် သခင်လေးက သူ့အပေါ်ကို အများနဲ့မတူတဲ့ ဆက်ဆံပုံတွေကြောင့်လား ဘာလားတော့ မသိပေမယ့် ရုံယီသခင်လေးအပေါ်ကို ပုံမှန်မဟုတ်တဲ့ချစ်ခြင်းမျိုးနဲ့ ချစ်မိနေခဲ့သည်လေ။ ရုံယီ သခင်လေးနဲ့ နွဦေးနတ်ဘုရားမတို့အကြောင်းကို သူသိပါသည်။ သူဝမ်းနည်းရပေမယ့် သူကျေနပ်စွာပင် သခင်လေးကိုလက်လွတ်နိုင်ပါသည်။ သခင်လေးပျော်ရွှင်မယ်ဆို ရုံယီကဘယ်လိုဖြစ်ဖြစ်အဆင်ပြေနေခဲ့သည်မလား ။ ရုံယီက အရမ်းအ သည်မလား သခင်လေးအပေါ် ကာကွယ်ပေးရုံတင်ရပေမယ့် နှလုံးသားကိုပါပေးပစ်ခဲ့သည့် ငမိုက်သားတစ်ယောက်ပေ။

ကျင်းယွဲ့ဟန်-" မင်းသိရင်ပြီးရော...ခုတော့ကာမထားနဲ့ကွာ....ထည့်ရတာအဆင်မပြေဘူး....ဖိတ်ကုန်ပြီ "

ယွဲ့ဟန်တစ်ယောက် ရုံယီရဲ့သွေးထွက်နေတဲ့ လက်မောင်းကိုယူကာဆေးထည့်နေလေသည်။ ဒါပေမယ့် ကိုယ်ရံတော်ကောင်က အသည်းအသန်ကို ငြင်းနေလေသည်။

ရုံယီ-" သခင်လေးကလည်း....မလိုပါဘူးဆို....နတ်အစွမ်းနဲ့ပြောက်အောင်လုပ်ရနေတာပဲ....ဘယ်နတ်ကမှ....ဒဏ်ရာရရင်ဆေးမထည့်ပါဘူးဗျ....ဖယ်ပါဗျာ "

^^ သခင်လေးလုပ်တာနဲ့ပိုဆိုးကုန်တော့မယ်...ဆေးအကြောင်းလည်း ....ဂဂနနမသိပဲနဲ့...ငါ့လက်မောင်းလေးတော့....မနေ့ဖြန်ဖြတ်ရလောက်တော့မယ်....မထည့်ချင်ဘူး....အမေရေ.. ^^

ရုံယီ မရှိတဲ့အမေကိုသာတနေလိုက်သည်။

ကျင်းယွဲ့ဟန်-" ငါပျင်းလို့ပေါ့ကွ....ဘာမှလည်းလုပ်စရာမရှိဘူး...ထိုင်နေရတာ....အဲ့ကြောင့်မင်းဟာကိုဖြဲနေရတာ....ငြိမ်ငြိမ်နေစမ်းပါကွာ "

ယွဲ့ဟန် ရုံယီရဲ့လက်ကိုအတင်းဆွဲပြီး ဆေးထည့်ပစ်လိုက်သည်။ ရုံယီတစ်ယောက်ကတော့ ငိုမဲ့မဲ့နဲ့ ငြင်းလည်းမငြင်းနိုင်၍ ကျိတ်မှိတ်သာ ခံလိုက်ရသည်။
.....
.....

host-" six.... ကာမအားတိုးဆေးပြင်ထားလား....ပြင်းပြင်းလေးနော်....ဟား...ဟား...သိတယ်မလား "

ယန်ကျင်း ဇာတ်လိုက်တို့ရဲ့ လက်ထပ်ပွဲသွားဖို့အတွက် အဖြူရောင် အပေါ်ဝတ်ကိုဝတ်ဆင်လိုက်ပြီး sixကိုပြောလိုက်သည်။

( ကျော်မယ်....ခွမယ် )

[ ပြင်ထားပါတယ်....hostရဲ့....ဒါမျိုးဆိုsixကမေ့ရိုးလား...ဒါမဲ့host. ...ဆေးဖိုးတော့မမေ့နဲ့နော် ]

^^ ဟင်း....ဟင်း...စိတ်မပူပါနဲ့hostရဲ့....ဆေးဝယ်တဲ့အတွက်အပိုအနေနဲ့....hostတစ်ယောက်စာပါပေးလိုက်မယ်....sixကို....ကျေးကျူးတင်နဲ့နော်....ဟီး...ဟီး ^^
.....
.....
( ကျော်မယ်နော်....ဟီး...ဟီး )

" ဒီကနတ်မင်းက "

host-" ဟုတ်ကဲ့....ကျွန်တော်ကလနတ်နန်းဆောင်သခင်ရဲ့သား....သွဲ့ယန်ကျင်းပါ "

" သွဲ့ယန်ကျင်း....အော်...ဟုတ်ကဲ့နတ်မင်း...ဝင်ပါခင်ဗျ "

host-" အင်း "

ယန်ကျင်းလမ်းအတိုင်းဝင်လာလိုက်သည်။ ပြီးတော့ လက်ထပ်ပွဲရဲ့အပြင်အဆင်တွေကိုပါကြည့်နေလိုက်သည်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ လက်ထပ်ပွဲဆိုတာ သာမာန်ဖြစ်ရိုးလားဗျာ ။ တော်တော်ခန်းနားထည်ဝါနေသဖြင့် ယန်ကျင်းမှာ နည်းနည်းတော့ ချည်းကျူးမိသည်။

ရုံယီ

-------------------------------

system one o six(106) S -1 ( Z &U )Where stories live. Discover now