Arc-3.5 Unicode

2.3K 229 18
                                    

[ hostဝင်သာသွားလိုက်လေ.....နောက်ပိုင်းကျသိသွားလိမ့်မယ် ]

ယန်ကျင်းsixနဲ့ စကားပြောနေစဥ် တံခါးစောင့်လေးဟာပြန်ရောက်လာလေသည်။ဒါကြောင့် ယန်ကျင်းလည်း sixကိုအရေးမလုပ်တော့ဘဲ ထိုတံခါးစောင့်လေးကိုသာ မေးလိုက်လေသည်။

Host-" နတ်မင်းကျင်းယွဲ့ဟန်က....ကျွန်တော်ကိုတွေ့ခွင့်ပြုသလား...ဟင် "

" ဟုတ်ကဲ့...နတ်မင်းက....ဒီကနတ်မင်းလေးကိုတွေ့ခွင့်ပြုလိုက်ပါတယ် "

Host-" ဒါဆိုကျွန်တော်.....ဝင်သွားလိုက်တော့မယ်နော် "

" ဝင်သွားပါ....နတ်မင်းလေး..တစ်ကယ်လို့..... "

ယန်ကျင်း ထိုတံခါးစောင့်လေးရဲ့ စကားသံအဆုံးထိမစောင့်တော့ပဲ ဝင်သွားလိုက်သည်။

.....
.....

ကျင်းယွဲ့ဟန်-" ဒီကနတ်မင်းက....ကျွန်တော်ကိုဘာအကြောင်းရှိလို့များ....တွေ့ချင်ရတာလဲ "

host-" ကျွန်တော်ကိုနတ်မင်းလို့ခေါ်စရာမလိုပါဘူး....ယန်ကျင်းဆိုရင်ရပါပြီ "

ယန်ကျင်း သူ့အရှေ့က ချောမောခန့်ညားတဲ့ ဇာတ်လိုက်ကိုတွေ့လိုက်သဖြင့် မနာလိုစိတ်တော့အနည်းငယ်ရှိလေသည်။

host-^^ ဘာကြောင့်....ဇာတ်လိုက်တွေက....စောက်ရမ်းချောနေရတာလဲ.....ပြီးတော့sixပတ်တွေတို့.....eightပတ်တွေတို့....ငါကျတော့ဒီပိုလီရိုဆွဲသလို.....ပိန်ခြောက်နေတဲ့ခန္ဓာကိုယ်ထဲပဲ....ပို့နေရတာလဲ ^^

ကျင်းယွဲ့ဟန်-" ဒါဆိုယန်ကျင်းက...ကျွန်တော့်ကိုဘာကိစ္စတွေ့ချင်ရတာလဲ "

host-" ဟီး.....ဟီး...ကျွန်တော်ကယွဲ့ဟန်ကို....ဂုဏ်ပြုချင်လို့လာတာပါ "

ကျင်းယွဲ့ဟန်-" ဂုဏ်ပြုချင်လို့....ဘာကို "

ယွဲ့ဟန် အတွေးမှာတော့ ???တွေတန်းစီပြီးပေါ်လာလေသည်။
^^ နေပါဦး...ငါဘာပွဲမှမလုပ်ဘူးလေ....သူကဘာကို...ဂုဏ်ပြုချင်တာလဲ ^^

host-" ကျွန်တော်က...အန်...နေဦးနော် "

^^ six ဇာတ်လိုက်မနာမည်က...ဘာပါလိမ့်....မြန်မြန်ပြော ^^

[ ယွဲ့မေရှင်း...တကယ်ပါပဲ...စိတ်လေတယ်.... ]

six ကတော့ ညဏ်ကောင်းလွန်းတဲ့ သူ့host ကို တိတ်တဆိတ် ချီးကျွေးနေလေသည်။

system one o six(106) S -1 ( Z &U )Where stories live. Discover now