Arc-1.9 Zawgyi

645 14 0
                                    

တစ်နေ့သော မနက်ခင်းတွင်
ကောင်လေးတစ်ယောက် အဖြူရောင် အိပ်ယာကျယ်ကြီးပေါ်တွင် ခြေကားယား ၊လက်ကားယားနှင့် သွားရည်လေးများမှာ အနီရောင် နှုတ်ခမ်းလေးပေါ်မှတစ်ဆင့် အဖြူရောင်ခေါင်းအုံးလေးပေါ်ကို ကျဆင်းလာပုံမှာ တော်တော်ကို ...................

^^ သောက်မြင်ကပ်စရာကောင်းတယ်^^

Six- [ host ထတော့...mission ရှိတယ်host!!! ]

^^ သေလည်းမသေနိုင်ဘူး...မဟုတ်...သေပဲသေနိုင်လွန်းတဲ့ဒေါင်းစားကြီး...အမြဲငါပဲနှိုးနေရတယ်...ငါမရှိရင်ဒင်းကြီးက ဘာမှမလုပ်တော့ဘူး....သောက်ပျင်းကကြီးသေး...missionလည်းကောင်းကောင်းမလုပ်ဘူး...သေနာhost ^^

six မှာ မနေ့ကျောင်းပြန်ရောက်ထဲက စားသောက်ပြီး အိပ်သွားသော ၊ ခုချိန်ထိလည်းမနိုးနိုင်သေးသော သူ့host လက်တင်မကဘူး ခြေထောက်ကော၊ တစ်ကိုယ်လုံးပါလန်ချင်လာရသည်။

အင်းးး

ဝမ်ပိုင် နိုးနေပေမယ့် နည်းနည်းမှိန်းနေလိုက်သည်။

Six- [ host မထရင်...host ရဲ့comaဖြစ်နေတဲ့...ခန္ဓာကိုယ်ကို ဓားနဲ့သွား...ထိုးသတ်မယ်!!! ]

ဝမ်ပိုင်မှာ မှိန်းနေရင်းနဲ့ ရုတ်တရက် သူ့ရဲ့ ကမ္ဘာ အစစ်ကိုပြန်ရောက်သွားသည်။ ဆေးနံတွေမွန်ထူနေတဲ့ ဆေးရုံတစ်ခုရဲ့ ခုတင်ပေါ်မှာ သူ့ရဲ့ ခန္ဓာကိုယ်က ရှိနေပြီး သူကတော့ သူ့ခန္ဓာကိုယ်ကိုယ်ကြည့်နေသည်။ ( w/ ပြောချင်တာကဗျာ...စိတ်ဝိညာဉ်က ...ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်နေသလိုမျိုး...ရှင်းလားမသိဘူး...ရုပ်ရှင်တွေမှာပါတယ်လေဗျာ )
သူ့ရဲ့ ခန္ဓကိုယ်ကဖြူဖျော့နေပြီး အားနည်းနေသလိုဖြစ်နေသည်။ လက်မှာလည်း ပိုက်တန်းလန်းများဖြင့်။ ရုတ်တရပ် ဝမ်ပိုင် အခန်းတံခါးပေါက်ကို ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ရွှေရောင်ဆံနွယ်တွေနဲ့ ရုပ်ရည်ကိုကြည့်လိုက်တော့ အပန်းရောင်နှုတ်ခမ်းလေးရယ် ပါးဖောင်းဖောင်းလေးရယ် ချစ်စရာကောင်းအောင်ပြုံးနေသည်။သူမက သူရဲ့ခန္ဓာကိုယ်အနီးလာပြီး ပြုံးနေတဲ့သူမမျက်နှာက ကြောက်မက်ဖွယ် အပြုံးကြီးပေါ်လာပြီး လက်ထဲမှာလည်းဓားကြီးနဲ့။ ခနကြာတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ချက်ပြီးတစ်ချက်ထိုးသွင်းနေသည်။( w/ ဓားနဲ့ပြောပါတယ် ) ပြီးတော့ သူ့နားနားကို ကပ်ပြီး ပြောလိုက်သည်က ~~ ခုချက်ချင်းနိုးမလာရင်...သတ်ပစ်မယ်...ဟား...ဟား ဟား...ဟား...ဟား...ဟား~~

system one o six(106) S -1 ( Z &U )Where stories live. Discover now