Arc-4.7 Zawgyi

37 4 0
                                    


ရေကာချယ်-" တော်သင့်ပြီ.... လီနာ "

လီနာ-" ဟင်....လီနာ.....စိတ်လွတ်သွားလို့....သူက....လီ...လီနာမျက်နှာကို.... ဒဏ်ရာရအောင်....သူလုပ်ခဲ့တာလို့....ပြောလို့...လီနာက....ကာချယ်....ဟင့် "

လိီနာ သူ့လက်ကို တင်းနေအောင်ကိုင်ထားပြီး သူ့ကိုလည်းမကြည်တဲ့ပုံစံ ဖြစ်နေသော ကာချယ်ကို အံသြတာက တစ်ကြောင်း ကာချယ်မကြိုက်တော့မှာ စိတ်ပူတာကတစ်ကြောင်း ။ တစ်ကယ်ဆို လီနာတစ်ကယ်ချစ်တဲ့သူက ရေကာချယ်ဆိုတဲ့ အမျိုးသားပင် ။ ဒါပေမယ့် ကာချယ်မှာ သူမလိုချင်တဲ့ အာဏာတွေရှိမနေသဖြင့် သူမတကယ်မချစ်တဲ့ ဂျွန်နသန်ကို ရွေးချယ်ခဲ့သည် ။ သို့ပေမယ့် ကာချယ်က သူမကိုချစ်နေတယ်ဆိုတာ လီနာသိသည် ။ သူမကလည်း ကာချယ်ကို ချစ်သည်။ သူမတွေးထားတာက ဂျွန်ကိုမြူဆွယ်ပြီး အာဏာရတဲ့အခါ ကာချယ်ကို လွှဲပေးပြီး သူတို့နှစ်ယောက်အတူတူ နေထိုင်ဖို့က သူမရည်မှန်းချက်ပင်။

ရေကာချယ်-" မင်းအဆင်ပြေရဲ့လား....king "

ကာချယ် king ဆိုတဲ့ကောင်လေးကိုလက်လှမ်းပေးလိုက်သည်။

host-" အင်း "

^^ six... ဒါမော့မော့လား ^^

King သူ့ကိုလာကမ်းပေးနေတဲ့ လက်ကိုလှမ်းကိုင်လိုက်တော့ ရင်းနှီတဲ့ အငွေ့အသက်တွေရနေပြီး ကာချယ်ရဲ့ စိတ်ပူနေတဲ့ မျက်ဝန်းများက king ကို သံသယဝင်လာစေသည်။ နောက်ပြီး ကာချယ်လက်ကိုထိလိုက်ချိန်မှာ ဆွဲကြိုးကလည်း အလင်းတစ်ချို့ကို ထုတ်လွှင့်နေခဲ့သည်မလား ။

[ ဟုတ်လောက်တယ်....host ]

host-^^ အင်း... ငါသိပြီ....day ကို ....ငါဒဏ်ရာရတယ်ဆိုတာကိုသိအောင်လုပ်ပေး...ပြီးရင်.... မရရတဲ့ နည်းနဲ့ ဒီကိုခေါ်လာခဲ့..... ^^

[ ဟုတ်ကဲ့ပါ host.... six သိပါပြီ ]

ရေကာချယ်-" မင်းကို....ကိုယ်လိုက်ပို့ပေးမယ်လေ.....လီနာ....မင်းလည်းသတိထားနေ.....ငါပိုင်တဲ့အရာကိုထိရင်....ငါသည်းခံမှာမဟုတ်ဘူး....ဒီတစ်ခါတော့.... ခွင့်လွှတ်ပေးမယ်....နောက်တစ်ခါမရှိစေနဲ့ "

ကာချယ် သေးသေးကွေးကွေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်လေးကို သတိထားမိတာ တော်တော်ကြာနေပီပင် ။ ဒါပေမယ့် ထိုကောင်လေးကို စကားပြောဖို့ အခွင့်အရေးမရှိတာကတစ်ကြောင်း ထိုကောင်လေးက ဂျစ်တစ်တစ်နဲ့ အချေပုံစံဖြစ်သဖြင့် စကားမပြောရဲတာကတစ်ကြောင်း ကောင်လေးအဝေးမှာသာရပ်ကြည့် ခဲ့ရသည် ။ ခုတော့ ကာချယ် king ဆိုတဲ့ ကောင်လေးကို ပွေ့ချီခွင့်ရလိုက်သည်မလား။

system one o six(106) S -1 ( Z &U )Where stories live. Discover now