Arc-3.2 Unicode

2.7K 220 7
                                    


က

ျန်ဟောက်ခုဝင်ထားတဲ့ ကိုယ်ပိုင်ရှင်ရဲ့ နာမည်က သွဲ့ယန်ကျင်း ။ သွဲ့ယန်ကျင်းက လနတ်နန်းတော်က နတ်နဂါးဆိုလည်းမမှားပေ။ သူရဲ့ စွမ်းအင်က ရေဖြစ်သည်။ လနတ်နန်းတော်ဆိုတဲ့အတိုင်း သူ့ရဲ့အလုပ်က ညခင်းပင်ဖြစ်သဖြင့် တခြားနတ်တွေနဲ့ အခေါ်အဝေါ်မရှိဘဲအနေအေးသူဖြစ်သည်။ ဒါကြောင့် တစ်ခြားနတ်တွေက သွဲ့ယန်ကျင်း ရဲ့မျက်နှာကိုမြင်ဖူးဖို့နေနေသာသာ လက်ညှိုးလေးတောင်မမြင်ဖူးကြပေ။ ကြာလာတော့ နတ်တွေက သူ့ကိုရှိတယ်လို့တောင်မသတ်မှတ်ကြတော့ပေ။ ကျန်ဟောက်မထင်ထားတဲ့ အရာတစ်ခုကိုလည်း sixပို့တဲ့မှတ်ညဏ်ထဲမှ သိလိုက်ရသည်။ ယခုကိုယ်ပိုင်ရှင်က ပုံမှန်နတ်မဟုတ်ပဲ မိစ္စာသွေးတစ်ဝက်ပါနေသည်ပင်။ ဒါကိုယခင်ကိုယ်ပိုင်ရှင်က သိခဲ့ပြီး သူ့ကိုယ်သူဖုံးကွယ်ကာ တစ်​ခြားနတ်တွေနဲ့ အရောတဝင်မလုပ်ခဲ့​ ခြင်းပင်။ ကိုယ်ပိုင်ရှင်ရဲ့ အမေဟာလနတ်သခင်မဖြစ်ပြီး လနတ်သခင်ကြီးနဲ့လက်ထပ်ခဲ့သည်။ ဒါပေမယ့် လနတ်သခင်ကြီးက ကိုယ်ပိုင်ရှင်ရဲ့အဖေရင်းမဟုတ်ခဲ့ပေ။ တကယ်အဖေရင်းက မိစ္စာဆိုတာကို သိပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ ကိုယ်ပိုင်ရှင်က မသိခဲ့ရပေ။ ဒီအကြောင်းတွေကိုလည်း ကိုယ်ပိုင်ရှင်ရဲ့ အမေကငယ်ငယ်ထဲကပြောပြခဲ့ခြင်းပင်။ လနတ်သခင်ကြီးက သူ့အမေနဲ့ လက်ထပ်တော့ ကိုယ်ဝန်ရှိနေတာကိုသိခဲ့ရပြီး သူ့အမေရဲ့အရှက်အတွက် မငြင်းဆန်ခဲ့ပေ။ ဒါအပြင် ထိုသူက ကိုယ်ပိုင်ရှင်အမေကို တစ်ခါမှမထိတွေ့ခဲ့ဘူးဆိုပိုမှန်လိမ့်မည်။ ကိုယ်ပိုင်ရှင်ကိုလည်းသားအရင််းလို စောင့်ရှောက်ပေးခဲ့သည်။ ကိုယ်ပိုင်ရှင်အမေကတော့ နတ်သက်ကြွေခဲ့တာကြာပြီိဖြစ်ပေမယ့် လနတ်သခင်ကြီိးက ဘယ်သူ့ကိုမှလက်မထပ်ခဲ့ပဲ သူ့ကိုသာစောင့်ရှောက်ခဲ့သည်။ လနတ်သခင်ကြီးရဲ့ သဘောထားကြီးမှုကြောင့် ကျန်ဟောက်ခမျာ ပြောစရာစကားများ ပြောက်ဆုံးကုန်ရသည်။ "

Host-" တော်တော်ပိန်းတာပဲ

[ ဟမ်....ဘာကိုလဲ.... host ]

Host-"ဒီကိုယ်ပိုင်ရှင်ရဲ့.... အဖေကိုပြောတာ.....ငါသာဆို....နွားအဖြစ်မခံနိုင်ပါဘူး.....သူ့ဘာသာ....စောက်ရှက်ကွဲတာပဲဖြစ်ဖြစ်.....သတ်သေတာပဲဖြစ်ဖြစ်....သူရွလို့ဖြစ်တာလေ....ဘာလို့ကိုယ်က....နွားအဖြစ်ခံပြီး....ယူရမှာလဲ....ပိန်းလိုက်တဲ့လူ....ကိတ်ရင်တော့တစ်မျိုးပေါ့.....ခုဟာက....ထိတောင်မထိဘူးတဲ့....သေချာပေါက်....ဖင်ပြား.....နို့ပြားမပဲ "

system one o six(106) S -1 ( Z &U )Where stories live. Discover now