Arc-4.8 Unicode

1.7K 190 22
                                    


ရေကာချယ်-" ယောက်ဖလေး... ကိုယ့်မိန်းမကို....ကိုယ်ပဲသယ်ခဲ့ပါ့မယ်ကွာ....ယောက်ဖလေး...ရှေ့ကသွား "

ကာချယ် king ကို ပိုပြီး တင်းတင်းပွေ့ထားလိုက်ရင်း day ကိုပြောလိုက်သည်။

day-" ရဘူးဗျာ....ပေးဗျာ....ကျွန်တော့်အကိုကို....ပေးဗျာ "

day king အပေါ်ကကာချယ် လက်တွေကို အတင်းဆွဲခွာသည် ။

ရေကာချယ်-" ယောက်ဖလေး....ရှေ့ကသွားဆိုနေ... "

ကာချယ် king ကိုပွေ့ထားတဲ့ လက်တွေကို ပိုတင်းလိုက်သည်။

day-" မခေါ်နဲ့... ကျွန်တော်ကို.... ယောက်ဖလို့မခေါ်နဲ့....ပေးလို့....ရဘူး...ပေးပါဆိုနေဂျာ "

day ကာချယ် လက်တွေကို ဆွဲခွာသည် ။ ခက်တာက ကာချယ်က တော်တော်အားသန်နေသဖြင့် day ခွာမရပေ။

ရေကာချယ်-" ယောက်ဖလေး....ကိုယ့်မိန်းမကို...ကိုယ့်ပဲချီမယ်...မပေးဘူး "

ကာချယ် သူ့လက်တွေကို အတင်းခွာနေသော day ကြောင့် ပိုပြီးတင်းထားချင်ပေမယ့် king ထိခိုက်သွားမှာလဲစိုးရိမ်နေရသည် ။ ဒါပေမယ့် သူလျှော့ပေးနေတာတောင် သူရဲ့အားနည်းတဲ့ ယောက်ဖလေးက သူ့လက်ကိုမခွာနိုင်ပေ။

day-" ပေးဗျာ....ကျွန်တော်အကိုကို...ခင်ဗျားကိုမပေးဘူးနော်....ကျွန်တော်မှာသူတစ်ယောက်ပဲရှိတော့တာလို့ဆိုနေ....အီးးးး....ဟီးးးး.....အီးးးး.....ဟီးးးးး....ဝါးးးးးး.....ပေးဘူးဗျာ....ဟင့်....ကိုကိုလည်း....လိုက်သွားရဘူးဂျာ....အီးးးးး....ဟိီးးးးး.....ဝါးးးး "

day မတတ်နိုင်တဲ့အဆုံး ကာချယ်ရဲ့ ခြေထောက်ကို ဖက်ကာ အော်ငိုနေလိုက်သည်။

ရေကာချယ်-" မင်း....မင်း....လွှတ်....ငါမပေးဘူးနော် "

ကာချယ် သူ့ခြေထောက်ကို ဖက်ငိုနေသော day ကြောင့် စိတ်ဆင်းညိုလာရသည်။ ဒါအပြင့် တကောင့်သားက ငိုလို့ထွက်လာတဲ့ မျက်ရည်တွေနဲ့ နှပ်တွေကို သူ့ဘောင်းဘီနဲ့ သုတ်နေသဖြင့် ကာချယ်သေချင်စိတ်ပေါက်လာရသည်။ ဒါပေမယ့်လည်း ကာချယ် king ကိုလွှတ်မပေးနိုင်ပေ။

host-" ကာ...ကာချယ်.... လွှတ်ပေးဦး...day.... ငိုနေပြီ "

King သူ့ကိုလုနေသော လူနှစ်ယောက်ကြားညှက်နေပေမယ့် အမှန်အတိုင်းပြောရရင် king ကာချယ်ပေါ်ကမဆင်းချင် ။ ကာချယ် သူ့ကိုပွေ့ထားတာကို king သဘောကျသည်။ ဒါပေမယ့် သူ့ရဲ့ fa ညီလေးက ငိုယိုနေသဖြင့် king မတတ်နိုင် ။ ကာချယ် အပေါ်က ဆင်းရတော့သည်။

system one o six(106) S -1 ( Z &U )Where stories live. Discover now