system space

2K 160 7
                                    


[ host.... space မှပြန်လည်ကြိုဆိုပါတယ် ]

host-" အင်း....ငါ့ကို.... pointတွက်ပေး "

[ မူလ point= 6200
main mission အောင်မြင်တဲ့အတွက် point = 3000
Side mission ကတစ်ခု = 250
လမ်းပြောခ ( တစ်ခါကို 50...နှစ်ခါဆိုတော့ )= -100
ကာမဆေးနှစ်လုံး= -100
ပညာသင်ခ= -2000
ကျန်ရှိ point=7250 ]

host-" နေဦး...နေဦး...ငါကာမအားတိုးဆေးတစ်လုံးပဲမှာတာလေ....ဘယ်လိုကြောင့်နှစ်လုံးဖြစ်သွားရတာလဲ... "

[ ဒါကတော့...ဒီလိုရှိတယ်ပေါ့နော် host. ... ]

host-" ကဲ...ရှင်းစမ်းပါဦး...စုပ်ရှုsix. ..ဟန်...မင်းဘာမဟုတ်တာလုပ်ထားလဲ "

[ six ကဘာလုပ်ရမှာလဲ hostရဲ့...ဇာတ်လိုက်နဲ့ရုံယီကို...ပိုပြီးဖလူးလို့ကောင်းအောင် ....​တစ်ယောက်တစ်လုံးခတ်လိုက်တာလေ...တစ်ဝက်တည်းခတ်ရင်...မကောင်းမှာဆိုးလို့လေ....host ကလည်း...ဟီးးး ]

host-" အဟွန်း...သိနေတယ်နော် "

[ အဟန့် ....host သင်ရမှာ....ထုံးစံအတိုင်းသုံးမျိုးရှိပါမယ်...အဲ့ထဲကတစ်မျိုးကိုရွေးချယ်ပါ...ရွေးချယ်ရမှာတွေကိုကြည့်ပါ ]

Sixပြောလိုက်တာနဲ့ အကန့်သုံးကန့် ပေါ်လာလေသည်။

ပထမအကန့်မှာက အချုပ်အလုပ် ၊ ဒုတိယအကန့်က အချက်အပြုတ် ၊ တတိယအကန့်က ကခုန်ခြင်း

host-" six မင်းဟာက....တစ်ခါလာလည်း....အချက်အပြုတ်....တစ်ခါလာလည်းအချက်အပြုတ်နဲ့....ငါ့ကိုရွဲ့များနေလားကွာ "

ကျန်ယောက်မှာ ကမ္ဘာသုံးခုလုံးမှာ သင်စရာရွေးမည်ဆိုရင် အချက်အပြုတ်က မပါမဖြစ်ပါနေတာမို့ sixကိုမေးလိုက်သည်။ သူ့ကို မသင်သင်အောင်လုပ်နေတယ်လို့ တောင် ကျန်ဟောက်ထင်လာသည်။

[ hostကလည်း....အချက်အပြုတ်သင်တော့ကောင်းတာပေါ့...ကိုယ်ကြိုက်တာကိုယ်ချက်လို့ရတယ်လေ ]

host-" ဟုတ်တော့ဟုတ်ပါတယ်....ဒါပေမယ့်...ငါဖတ်ဖူးတဲ့ system fic အများစုက....အချက်အပြုတ်သင်လိုက်ရင်....ဇွန်ဘီကမ္ဘာထဲရောက်သွားတတ်တယ်....ငါကသရဲကြောက်တတ်တယ်....မရဘူးနော်....six "

[ မကျဘူးရယ်...six အာမခံတယ်....ရဲရဲကြီးသင်ပစ်လိုက် ]

host-" အင်း ...ဒါဆိုအချက်အပြုတ်ကို.... ရွေးတယ်ကွာ "

ကျန်ဟောက် အချက်အပြုတ်ဆိုတဲ့ အကန့်ကိုရွေးလိုက်ပြီး ရွှေရောင်သစ်ပင်ကြီးရဲ့ အလယ်ကခလောင်းပေါက်ကြီးထဲကို ဝင်သွားလိုက်သည်။

.....

ငါးနှစ်ခန့်ကြာသော်

[ host... system space မှပြန်လည်ကြိုဆိုပါတယ် ]

host-" အင်း "

[ တတ်မြောက်သောပညာရပ်များ= ရုပ်ပြောင်းရုပ်လွဲ ၊ အချက်အပြုတ်

ရရှိထားသော bouns = စိတ်ချင်းဆက်သွယ်ခွင့် ၊ ဝိညာဥ်စုဆွဲကြိုး ၊ အခမဲ့ ရုပ်ရည်အဆင့်မြှင့်တင်ခြင်း ]

host-" အခမဲ့ရုပ်ရည်အဆင့်မြှင့်တင်ခြင်း....အဲ့တာကခုမှရတဲ့စွမ်းအင်မလား....ဘယ်လိုသုံးရတာလဲ "

[ ဟုတ်ပါတယ် host. ..hostလည်း system fic တွေ ဖတ်ထားတာပဲ....ဘာလို့ sixပဲလာမေးနေရတာလဲ... ]

host-" အေးပါ six ရယ်....ငါသိပါတယ်....အကျင့်ပါနေလို့မေးမိတာပါကွာ "

[ host ကြိုက်တဲ့ခလုတ်ကို...နှိပ်လိုက်ပါ ]

host-" အင်း "

ကျန်ဟောက် ပြောပြီးပြီးချင်းပဲ နံပါတ်လေးခလုတ်ကိုနှိပ်လိုက်သည်။

[ ကောင်းပါပြီ host. ...အမှတ်စဥ်....1....2.....3....4....5.....6....10... ]

host-" အ....ဒေါင်းစား six. ..မင်းနဲ့ငါနဲ့....တွေ့မယ် "

ယန်ကျင်း 6 ကနေ 10 ကိုတန်းရီလိုက်တဲ့ six ကို မေတ္တာပို့ရင်း ကျန်ဟောက်ကမ္ဘာဟာအမှောင်ကျသွားလေသည်။

[ ဟီးးး....ဟီးးး ]

( writer- ဟီးး....မနေနဲ့.... နင်တော့သေတော့မယ်....အမျှ....အမျှ...
Sixရေ )
......

One hour later

host-" စုပ်ရှုsix!!!!. ...မင်းပြီး....​ပြီးမှငါ့နဲ့တွေ့မယ်...ဒေါင်းစား.....သောက်အီးးးး.....ဒီဟာတွေက...ဘာလို့ငါ့နောက်ဘဲလိုက်နေရတာလဲ....ခွေးမသား six!!!!. ..မင်းသေဖို့ပြင်ထား!!!!. ...အားးးးးးးးးး "

( System space မလို့ အပိုင်းတိုထားပါတယ်နော် )

system one o six(106) S -1 ( Z &U )Where stories live. Discover now