ယန်ရှန့် ကိုယ့်ပေါ်ကိုလဲကျတော့မယ့် မိန်းကလေးကြောင့် ဘေးကိုရွေ့လိုက်ရင်း
ထိုက်ယန်ရှန့် - " ကိုယ်ဘာသာ... ဆေးခန်းသွားလို့ရတယ်မလား "
လန်ရှီးအာ - " ရ...ရ...ရပါတယ် "
^^ အကိုယန်ရှန့်က...ငါ့ကိုရွံလို့မဟုတ်လောက်ပါဘူး...သူကငါ့ကိုကြိုက်နေတာပဲဟာ...သူငါနဲ့အသားချင်းထိရမှာ...ရှက်လို့နေမယ်...ဟိဟိ...ချစ်စရာကောင်းလိုက်တာ^^
ရှီးအာ ယန်ရှန့်ပေါ်ကို ခေါင်းမူးသလိုလဲချမလို့ လုပ်လိုက်ပေမယ့် ယန်ရှန့်က သူ့ကိုရွံစရာလို ဘေးရွှေ့သွားသဖြင့် သူမအကြံအစီမအောင်မြင်လိုက်ပေ။ဒါပေမယ့် ရှီးအာ ကိုယ်ဘာသာဖြည့်တွေးလိုက်ရင်း ပျော်မြူးနေသည်။
လန်ရှီးအာ - " ဟို... ဒါဆို....ကျေးဇူးဆပ်တဲ့အနေနဲ့နဲ့....စားသောက်ဆိုင်တစ်ဆိုင်သွားရအောင်လေ "
ထိုက်ယန်ရှန့် - " မိန်းကလေး....ဒီပုံစံနဲ့သွားနိုင်မယ်လို့တော့...ကျွန်တော်မထင်ဘူး....ဆေးခန်းအရင်သွားပြလိုက်ပါ....ကျွန်တော်တို့ကိုနောက်မှလိုက်ကျွေးပေါ့ "
ယန်ရှန့်မိန်းကလေးကို ပြုံးရင်းပြောလိုက်သည်။ယန်ရှန့် ညိုမဲစွဲနေပြီး အဝတ်တွေလဲပြဲနေတဲ့ မိန်းကလေးကိုကြည့်ပြီး အနည်းငယ်တော့သနားမိသည်။ ဒီအခြေအနေမျိုးမှာတောင် စားသောက်ဆိုင်လိုက်ပို့မယ်ဆိုတော့ စိတ်ရင်းကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ယန်ရှန့်စိတ်ထဲ မှတ်ထားလိုက်သည်။
( W/ ယန်ရှန့်က...သနားတတ်တာမို့... ဇာတ်လိုက်မကိုသနားသွားတာပါ...သူက 17နှစ်ပဲရှိသေးတာမို့ ...ဇာတ်လိုက်မရဲ့...ဟန်ဆောင်မျက်နှာဖုံးကိုမသိတာပါ )Host - " ရှန့်စုတ်...ရှန့်နာ..ရှန့်ပျက် ....ငါ့ကိုကောရှိတယ်လို့သတ်မှတ်ရဲ့လား....မင်းတို့နှစ်ယောက်ပဲ...စကားပြောနေတယ် "
^^ ဇာတ်လိုက်အစုတ်အပြတ်ကောင်...ပြောတော့ငါ့ကိုပဲချစ်ပါတယ်ဆိုပြီး...ခုကျငါ့ရှေ့တည့်တည့်မှာတောင်မရှောင်...ဇာတ်လိုက်မနဲ့...အီစီကလီလုပ်ရဲတယ်ပေါ့လေ...ဒေါင်းစားကြီး...သေနာကြီး^^
Six - [ host ...ဘာဖြစ်တာလဲ...သဝန်တိုတာလား... host ရေ...ဇာတ်လိုက်ကိုချစ်နေပြီမလားမှန်မှန်ဖြေ ]
YOU ARE READING
system one o six(106) S -1 ( Z &U )
Non-FictionSome part is not suitable for under 18. So you can skip it if you are innocent.Please don't post warning parts on the public. Don't blame and report. Don't add this fic in warning or 18+ reading list because it isn't a warning fic. Love you all!❤❤ T...