Arc-1.11 Zawgyi

436 21 0
                                    


" ကျူးကောကော...မေယွဲ့ကိုလေ...ကောရဲ့လူတချို့ငှားပါလားဟင် "

အခန်းတစ်ခုတွင် အဝတ်မကပ်တဲ့ကိုယ်နှစ်ခုပူးကပ်နေကြသည်။ ယောကျာ်းတစ်ယောက်၏ ရင်ခွင်ထဲမှ မိန်းကလေးက ထိုစကားကိုပြောလိုက်ခြင်းဖြစ်သည်။ထိုမိန်းကလေးမှာ တစ်ခြားသူမဟုတ် ရှားမေယွဲ့ဆိုတဲ့ ဇာတ်လိုက်မပင်။

" ကိုယ်ရဲ့...မေယွဲ့လေးက...ဘာလုပ်မလို့လဲ...ပြောပါအုံးကောကို "

မေယွဲ့- " ကောကဘာလို့မေးတာလဲ...မေယွဲ့ကိုမယုံလို့လားဟင် "

အဖိုးကြီးက...စောက်ရစ်ရှည်နေပြန်ပြီ...ပေးစရာရှိတာမပေးဘူး.... မော့ပိုင်နဲ့ယူပြီးရင်...ငါ့အသားကိုထိခဲ့တဲ့...လူတွေအကုန်လုံး...တန်ရာတန်ကြေးပြန်ပေးရမယ်...

မေယွဲ့ စိတ်ထဲကထိုအတိုင်းတွေးနေပေမယ့် အပြင်မှာတော့ ချွဲပြစ်နေတဲ့အသံနဲ့ပြောလိုက်သည်။

" မဟုတ်ပါဘူး...မေယဲ့ကလည်း ...ကောကမေယွဲ့ကိုစိတ်ပူလို့မေးတာပါ...မေယွဲ့ လေးလိုချင်တာမှန်သမျှ...ကောကအကုန်ပေးမှာ "

မေယွဲ့- " ကျောင်းမှာလေ...မေယွဲ့ ကိုအနိုင်ကျင့်တဲ့လူရှိတယ်...သူက မေယွဲ့ ကိုအရှက်လည်းခွဲတယ်....မေယွဲ့ ကကောရဲ့လူတွေကို...မေယွဲ့ကိုကာကွယ်ပေးဖို့ပါ...ကောကလည်း "

ရှင့်အသက်ကိုလိုချင်ရင်ကောပေးအုံးမှာလား...ဟက်...ရှင်လည်းကျွန်မဆီက...လိုချင်တာရှိလို့ကပ်နေတာပဲမလား...ရှင်လည်းတစ်ခြားသူတွေနဲ့အတူတူပါပဲ...ဟန့်

" မေယွဲ့ လေးကို...အနိုင်ကျင့်တယ်...ဘယ်သူလည်း...ကိုယ်သူ့ကိုသတ်ပစ်မယ် "

မေယွဲ့- " သတ်စရာမလိုပါဘူး ...ကောကလည်း...မေယွဲ့သူ့ကိုမထိခိုက်စေချင်ပါဘူး "

ဝမ်ပိုင်နင့်ကို...အခွင့်အရေးတစ်ခုပေးရတာပေါ့...ငါတားနေတုန်းမော့ပိုင်နားကထွက်သွားပေးရင်...နင့်အသက်ကိုအာမခံနိုင်ပေမယ့်...မထွက်သွားရင်တော့...ငါ့ကိုအပြစ်မတင်ပါနဲ့

"မေယွဲ့ ကတော့ကွာ...အရမ်းဖြူစင်တာပဲ...ကိုယ်တို့နောက်တစ်ချီလောက် "

မေယွဲ့- " ကျူးကောကောကလည်း...အ "

မေယွဲ့ပြောနေတုန်းပင် ထို ရမက်ကြီးလှသော လူကြီးမှာမေယွဲ့ကို ခုပ်အုပ်လိုက်တော့သည်။ ထိုအချိန်ကစပြီး အခန်းထဲတွင်း ညည်းညူသံများထွက်ပေါ်လာတော့သည်။
......
......
မနက်လင်းတော့ မေယွဲ့နာကျင်စွာပင်နိုးထလာခဲ့သည်။ သူမဘဝမှာ ထိုသို့သောနေ့ရက်များ မရေမတွက်နိုင်အောင် များပြားလှသည်။ မေယွဲ့ ဆိုးဝါးလှသောနေ့ရက်များအကြောင်း ပြန်တွေးမိသည်။ မေယွဲ့ 10တန်း၊ မေယွဲ့ အသက် 17 နှစ်လောက်မှာ သူမမိသားစု ကုမ္ပဏီ ဟာ ဒေဝါလီခံမလိုဖြစ်ခဲ့ရသည်။အဲ့နေ့ကစပြီး သူမဘဝကြီးအမှောင်ဖုံးခဲ့ရသည်။ သူမမိဘတွေက ပိုက်ဆံရဖို့အတွက် သူမဘဝကို ရမက်ကြီးလှတဲ့ လူတွေလက်ထဲထည့်လိုက်ကြသည်။ထိုရမက်ကြီးတဲ့လူကြီးဟာ သူမရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးပစ်ခဲ့သည်။ သူမမိဘတွေက သူမကို လူကြီးတွေနဲ့ ဆက်ဆံခိုင်းခဲ့သည်။ 17နှစ်ရွယ်သူမဟာ သတ်သေဖို့တွေးခဲ့သည်မှာ မရေမတွက်နိုင်။ သူမရဲ့ အမှောင်ဖုံးနေတဲ့ ဘဝကို အလင်းရောင်လေးက ဝင်ရောက်လာခဲ့သည်။ ထိုသူမှာ လင်းမော့ပိုင်ဆိုတဲ့ သူမအသက်ထက်ချစ်ရတဲ့သူပင်။ ထိုလူသားအတွက် သူမအရာအားလုံးကို တောင့်ခံခဲ့သည်။သူမဘဝမှာ ဘာကိုမှ မတောင်းဆိုခဲ့ပေမယ့် ထိုလူသားလေးကိုတော့ အတ္တကြီးစွာသူမပိုင်ဆိုင်ချင်သည်။ သူမနဲ့ထိုလူသားကို ခွဲတဲ့လူက သူမရန်သူအဖြစ်သတ်မှတ်ခဲ့သည်။ဒါကြောင့် မော့ပိုင်ရဲ့ မိသားစုနဲ့ရင်းနှိီးအောင်နေတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူမ သူတို့ကို တကယ်သံယောဇာဉ် ရှိသည်။ သူမမိဘတွေကိုတော့ သေလောက်အောင်မုန်းသည်။သူမနဲ့ မော့ပိုင်ကိုစေ့စပ်ပေးခဲ့တုန်းကဆို သူမပျော်လွန်းလို့ မျက်ရည်တောင်ကျခဲ့သည်။တစ်ဖက်မှလည်း သူမလိုညစ်ငြမ်းတဲ့ လူမျိုးနဲ့ မော့ပိုင်ကိုမတန်ဘူးဟုထင်မိသည်။
.....

system one o six(106) S -1 ( Z &U )Where stories live. Discover now