Arc-2.10 Unicode

3K 291 6
                                    


Host - " ဘာကိုအနိုင်မကျင့်ရမှာလဲ ...... ဒီလောက်ပတ်ပင်းတိုးနေတာကို "

ဟုတ်ပါသည် ၊ ဇာတ်လိုက်မကို ကူညီရတဲ့သူမှာ သွဲ့ဟန်ပင်။ ဇာတ်လိုက်ကျော်ကြီးကတော့ သူ့ခုံမှာမိန့်မိန့်လေးထိုင်ပြီး ရှုစားတော်မူနေလေသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းလောက်က

Host - " ကူညီရအောင်လေ....မိန်းကလေးတစ်ယောက်တည်း.....အနိုင်ကျင့်ခံနေရတာကို....လက်ပိုက်ကြည့်နေတတ်တဲ့သူက....ယောကျာ်းကောင်းမဟုတ်ဘူးတဲ့ "

ထိုက်ယန်ရှန့် - " ရှန့်က...ယောက်ျားကောင်းမဟုတ်ဘူး...အဲ့တော့မကူညီနိုင်ဘူး....သွဲ့သွဲ့လည်းမကူညီရဘူး "

အာဗြဲစိန်မ.....ငါစောက်မြင်တွေကပ်လာပြီနော်

ယန်ရှန့် စိတ်ထဲ ၊အသည်းထဲကကိုပင်အချဥ်ပေါက်လာရသည်။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကပင် မသိလိုက်စွာ နှုတ်ခမ်းဆူထားပြီး လင်းသွဲ့ဟန် လက်မောင်းကို ဆွဲထားလေသည်။

Host - " ဟား....ဟား....ဟုတ်ပါပြီကွာ....တစ်ခါတည်းလေကွာ....ရှန်ရှန့်ကလည်း....ဟိုမှာသနားပါတယ် "

အခု ထိုက်ယန်ရှန့်ပုံစံမှာ ယခင်အနေအေးပြီး ပုံမှန်ထက်ရင့်ကျက်တဲ့ ပုံစံမပေါ်တော့ဘဲ အရွယ်မရောက်သေးတဲ့ကလေးက သူ့အမေကို လိုချင်တာမရလို့ ဂျီကျနေတဲ့ ပုံစံနဲ့ ပိုတူနေလေသည်။ ဇာတ်လိုက်ရဲ့ ထိုပုံစံမှာ ကလေးဆိုးလေးလို ချစ်စရာကောင်းနေသဖြင့် သွဲ့ဟန်မှာ သူမသိလိုက်ခင်မှာပင် သတိလွတ်စွာရီမိသွားသည်။ ပထမကမ္ဘာတုန်းကထိုလူကို ဒီလိုကလေးဆန်တဲ့ ပုံစံဖြင့်မမြင်ဖူးခဲ့သဖြင့် သွဲ့ဟန် ထိုလူရဲ့ ကွဲပြားမူတွေကိုရှာရတာအရမ်း နှစ်သက်မိသည်။ ဒါ့အပြင် တစ်ခြားကမ္ဘာတွေမှာလည်း ထိုလူသားက ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ တွေးမိရုံနဲ့ သွဲ့ဟန်ရဲ့ နှလုံးခုန်သံတွေဟာ ပုံမှန်မဟုတ်တော့တာကို သွဲ့ဟန်ကိုယ်တိုင်လည်းသိသည်။ သေချာတာက နာမည်အစစ်ကိုတောင်မသိသည့် ထိုလူသားအပေါ် သူချစ်ခင်နေမိသည်ဆိုတာပင်။ သူ့ဘဝက အရမ်းအထီးကျန်ဆန်သဖြင့် သူ့အတွက်အနွေးဓာတ်ဖြစ်နေသော ထိုလူသားကို သူချစ်မိသည်မှာ မဆန်းပေ။ သွဲ့ဟန် ချန်ကျန်ဟောက်ဖြစ်ခဲ့စဥ်က သူ့အနားမှာဘယ်သူမှမရှိခဲ့။ သူ့ရဲ့မှတ်ညဏ်ကလည်း ပျောက်ဆုံးနေသည်မလား။ ဒါပေမယ့် ထိုလူသားကတော့ တစ်ခြားသူတွေနဲ့မတူဘဲ သူ့အတွက် အထူးထုတ်ကုန်လိုမျိုးပင်။ တစ်နေ့ ထိုလူသားနဲ့ မပေါင်းဖက်နိုင်ရင်တောင် ရူးမိုက်စွာချစ်နေဖို့ သွဲ့ဟန်ဆန္ဒရှိသည်။ ထိုလူသားက ပထမကမ္ဘာတုန်းက ကတိကိုတည်ခဲ့သဖြင့် သူလည်း သူ့ရဲ့ကတိကိုတည်မှာပင်။

system one o six(106) S -1 ( Z &U )Where stories live. Discover now