Arc. 2.17 Unicode

3K 289 22
                                    


ထိုက်ယန်ရှန့်- " မင်း...မင်းဘာလုပ်လိုက်တာလဲ...ငါလူကိုထိရဲတယ်ပေါ့လေ...ဟုတ်လား "

အခန်းထဲရှိ အသံမှာပို၍ပင်တိတ်ဆိတ်သွားသည်။ လေထုဟာလည်း သိသိသာသာပင် အေးစက်လာသည်။ အခန်းထဲရှိလူတွေရဲ့ မျက်လုံးတွေဟာ ယန်ရှန့်ဆီကိုပင်ရောက်သွားရသည်။ ထိုသူတွေက ကြောက်ရွံစွာပင် ယန်ရှန့်ကိုကြည့်နေလေသည်။ ​

Host-" ရှန့်....ရပြီလေ....လွှတ်လိုက်တော့....သွဲ့ဘာမှမဖြစ်ပါဘူး "

ယန်ရှန့်က ဇာတ်လိုက်မလည်ပင်းကို ​ညှစ်ထားပြီး ဇာတ်လိုက်မကတော့ ချွေးစေးတွေထွက်ပြီး ကြောက်ရွံနေပုံကို မြင်လိုက်ရသဖြင့် ယန်ရှန့်ကို တားလိုက်သည်။သွဲ့ဟန် ယန်ရှန့်ရဲ့ မျက်လုံးထဲမှာရက်စက်ခက်ထန်မှုတွေနဲ့ လူသတ်ငွေ့တစ်ချို့ကိုထုတ်လွှင့်လို့နေသည်မို့ လန့်သွားရသည်။ ထိုသူကို ဒီလိုပုံစံနဲ့ တစ်ခါမှမမြင်ဖူးပေ ။ ပထမကမ္ဘာမှာရော အခုရော ထိုလူဟာ အေးအေးနေတတ်တဲ့လူဖြစ်ပြီး သနား​ကြင်နာတတ်တဲ့ လူအဖြစ်ပဲ သွဲ့ဟန်မြင်ဖူးသည်။ သူ့အတွက်ကြောင့် ဆိုတာသိတော့ သွဲ့ဟန်ပျော်ရပေမယ့် ထိုလူကို ဒီလိုပုံစံမျိုးနဲ့တော့မမြင်ချင်ပေ။

ထိုက်ယန်ရှန့်-" မင်းနောက်တစ်ခါ....ငါ့မျက်စိရှေ့မှာမတွေ့မိစေနဲ့ "

ယန်ရှန့် သွဲ့သွဲ့ရဲ့ စကားကြောင့်စိတ်လျော့လိုက်ပြီး လန်ရှီးအာကိုလွှတ်ပေးလိုက်သည်။

လန်ရှီးအာ-" အ....ဘာဖြစ်လို့လဲ...အကိုယန်ရှန့်က...ရှီးအာကိုမချစ်ဘူးလားဟင်....ဒါဆိုဘာလို့ညကရှီးအာနဲ့အတူတူအိပ်သေးလဲ....ရှီးအာကဆင်းရဲလို့လားဟင်...ရှီးအာအကိုယန်ရှန့်ကိုတောင်းပန်ပါတယ်....အကိုသာရှီးအာကိုလက်မထပ်ရင်....ရှီးအာအရှက်ကွဲရတော့မှာ....အကိုယန်ရှန့်ကျေးဇူးပြုပြိိီး....ရှီးအာကိုလက်ထပ်ပါနော် "

ရှီးအာ ငိုတော့မယ့်မျက်နှာလေးနဲ့အကိုယန်ရှန့်ကို တောင်းပန်လိုက်သည်။ သူမအကိုယန်ရှန့်ရဲ့ ခုနကပုံစံကိုကြောက်ပေမယ့်လဲ အားတင်းပြီးပြောလိုက်သည်။

" ဘာ...ဘာတွေလဲ...ယန်ရှန့်နဲ့သူမက...မဟုတ်မှလွဲရော....ဖောက်ပြန်နေတာများလား "

system one o six(106) S -1 ( Z &U )Where stories live. Discover now