Arc-2.9 Unicode

3.1K 289 4
                                    


သွဲ့ဟန် ယန်ရှန့်ကိုကြည့်လိုက်တော့ ယန်ရှန့်က သူကိုပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

Host- ^^ ဘာလို့ငါ့ကိုလာကြည့်နေတာလဲ.....ခင်ဗျားကြီး.... သွားပြီးကူညီလို့ကတော့နော်..... ခင်ဗျားကြီးကိုအရေခွံစုတ်ပြီး ခွေးကျွေးပစ်မယ်...မျက်နှာပိုးကိုက...ဟွန့် ^^

သူ host ရဲ့အတွေးတွေကို ကြားနေရတဲ့ six တစ်ယောက်ကတော့ နားတွေပူနေလေသည်။

Six - ^^ ကျေးဇူးပြုပြီး host ရဲ့ ....အတွေးတွေကို...မကြားပါရစေနဲ့..ဘာလို့..ကြားနေရတာလဲ....သေချင်စိတ်တောင်ပေါက်တယ်... host ကတကယ့် အပြောတစ်မျိုး....အလုပ်တစ်မျိုးနဲ့လူပဲ ^^

ထိုက်ယန်ရှန့် - " သွဲ့သွဲ့...ဘာလို့....ဟိုမိန်းကလေးကိုကြည့်နေတာလဲ "

ယန်ရှန့် သွဲ့သွဲ့ကိုကြည့်လိုက်တော့ ဟိုနေ့ကမိန်းကလေးကိုကြည့်နေသည်။ သူကြည့်နေတာကိုတောင် သတိမထားမိဘဲ ကြည့်နေသည့် သွဲ့သွဲ့ကြောင့် လူကစိတ်ဆိုးချင်လာသည်။ ခနလောက်နေတော့ သွဲ့သွဲ့ သူ့ဘက်ကို လှည့်ကြည့်လာသည်။ သူတို့နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေကြပြီး ယန်ရှန့်ကစကားစပြောလိုက်သည်။

ထိုက်ယန်ရှန့် - ^^ သွဲ့သွဲ့သာ.....အဲ့မိန်းကလေးကို.... သွားပြီးကူညီလို့ကတော့.... အဲ့မိန်းကလေးနဲ့ အဆက်ဖြတ်ရမယ်....ဖြစ်နိုင်တာက သွဲ့သွဲ့က....အဲ့မိန်းကလေးကိုကြိုက်နေတာလားမသိဘူး....ရုပ်ကိုက မျက်ရည်ဘူးသီးလောက်ကျနေပြီး....နှာရည်တွေနဲ့.....ကလေးမသာရုပ်ကို....ငါ့လောက်တောင်...မချောဘူး... ဟွန့်... ^^

Host - " ဪ..... ဟိုမှာဝိုင်းအနိုင်ကျင့်နေတယ်လေ.....သွားပြီးမကူညီဘူးလား "

^^ ကူညီရဲကူညီကြည့်နော်....ခင်ဗျားကြီးကို...တစ်စစီလုပ်ပြစ်မှာ.....ကူညီကြည့်လိုက်စမ်းပါ.....ဟွန့်....ခင်ဗျားကြီးကျွန်တော်အကြောင်းကောင်းကောင်းသိသွားမယ်.... ^^

Six - [ host ရေ.....အဲ့လောက်...လဒရူး( လင်တရူးကိုပြောတာပါ ) ပါနဲ့လို့ six ပြောပါရစေ....ကျေးဇူးပြုပြီး....နားကိုလာလာပြီးမဒိန်းမကျင့်ပါနဲ့ဂျာ....host ရာ ]

^^ fa ရှေ့မှာ လာရိုရလား....ဒေါင်းစားကြီး host....တစ်နေ့ကျယ်မ ရည်းစားအယောက်တစ်ထောင်လောက်ရရင်....host အရှေ့မှာ တစ်နေ့တစ်ယောက်နှုန်းနဲ့...ရိုပြမယ်...host လည်းခွေးစာစားရတဲ့နေ့ရောက်အုံးမှာပါ^^

system one o six(106) S -1 ( Z &U )Where stories live. Discover now