Arc-4.1 Zawgyi

64 4 0
                                    

host-" စုပ်ရှုsix!!!!. ...မင်းပြီး....ပြီးမှငါ့နဲ့တွေ့မယ်...ဒေါင်းစား.....သောက်အီးးးး.....ဒီဟာတွေက...ဘာလို့ငါ့နောက်ဘဲလိုက်နေရတာလဲ....ခွေးမသားsix!!!!. ..မင်းသေဖို့ပြင်ထား!!!!. ...အားးးးးးးးးး "

[ ho....host. ..အဆင်ပြေရဲ့လား ]

host-" လီးမှ...အဆင်မပြေဘူးဟေ့...မင်းပြီးမှ...အေး...ခုလောလောဆယ်...အန္တာရယ်ကင်းတဲ့နေရာကိုညွှန်း....point....နှုတ်မယ်မကျန်နဲ့နော်....ပါးလာရိုက်မှာ "

[ ဟုတ်...ဟင့်....ဘယ်ဘက်က....အဆောက်အအုံပဲ...host ထဲဝင်သွားလိုက် ]

ကျန်ဟောက် six ပြောတဲ့အဆောက်အဦးထဲ ပြေးသွားလိုက်သည်။

....

host-" ကဲ....ဇာတ်ကြောင်းပို့တော့...ခွေးသားလေး "

[ host ပို့ပြီနော် ]

Six ရဲ့စကားအဆုံး ကျန်ဟောက်ခေါင်းထဲကို စုပြုံဝင်လာသော မှတ်ညဏ်များ ။

& ဒီကမ္ဘာက ပျက်စီးခြင်း လို့ ခေါ်လို့ရတဲ့ ကမ္ဘာတစ်ခုပဲ ။ အေးချမ်းနေတဲ့ ကမ္ဘာကို တစ်မဟုတ်ချင်းအကြည်းတန် သွားစေတဲ့အရာက ဇွန်ဘီလို့ခေါ်တဲ့ လူမဟုတ် မိစ္စာမဟုတ်သည့် အကောင်တွေပေါ်လာသည့် နေ့ကစ၍ပင် ။ ဇွန်ဘီတွေပေါ်လာတာနဲ့အမျှ လူသားတွေဟာလည်း သူတို့ကိုသူတို့ ကာကွယ်ဖို့ စွမ်းအားတွေပိုင်ဆိုင်လာကြတယ် ။ မိုးကြိုးစွမ်းအင် ၊ မီးစွမ်းအင် ၊ ကုသရေးစွမ်းအင် ၊ မြေစွမ်းအင်။ ဒါ့အပြင် အခြားသောစွမ်းအားတွေလည်း ပိုင်ဆိုင်လာကြတယ် ။ နောက်ပိုင်း လူသားတွေဟာ သူတို့ကိုသူတို့ ကာကွယ်ရန် အဖွဲ့တွေဖွဲ့စည်းလာကြတယ်။
ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ဂျွန်နသန်တဲ့ ။ မိုးကြိုးစွမ်းအင် ကိုပိုင်ဆိုင်ထားတဲ့ စွမ်းအားအကြီးဆုံးလို့ ယူဆလို့ရတဲ့ သူတစ်ဦးဘဲ ။ ဇာတ်လိုက်မက လီနာ ၊ သူမက ဒိုင်းစွမ်းအင်ကိုပိုင်ဆိုင်ထားတယ် ။ ဒီကမ္ဘာရဲ့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက ချစ်သူတွေဖြစ်ကြသလို ၊ လူတွေဟာလည်း လိုက်ဖက်ညီတယ်လို့ပြောကြတယ် ။ နောက်ပိုင်းဇာတ်လိုက်နဲ့ ဇာတ်လိုက်မဟာ ဇွန်ဘီဗိုင်းရပ် ကို ကာကွယ်နိုင်တဲ့ ဆေးတစ်မျိုးထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာကြီးဟာလည်းအရင်အတိုင်းပဲ ပြန်လည်အေးချမ်းလာခဲ့တယ်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဟာလည်း လက်ထပ်ခဲ့ကြပြီး ကမ္ဘာဆုံးတိုင် လက်တွဲနေထိုင်ခဲ့ကြတယ်တဲ့။
ဒါဆိုဒီကိုယ်ပိုင်ရှင်ရဲ့ အကြောင်းလေးပြောရအောင်။ ဒီကိုယ်ပိုင်ရှင်ရဲ့ နာမည်က king ။ လောင်မြိုက်ခြင်းဖြစ်တဲ့ မီးစွမ်းအင်ကိုပိုင်ဆိုင်ထားတယ် ။ king တို့မှာမိသားစု လေးယောက်ရှိတယ် ။ king ရယ် ၊ king အမေ ၊ အဖေ ပြီးတော့မောင်လေး။ king တို့က စစ်တပ်မျိုးရိုးဖြစ်တာကြောင့် king ကအတိုက်အခိုက်တော့ အနည်းအကျဉ်းရလေသည်။ ဇွန်ဘီဗိုင်းရပ်ပြန့်လာသည်နှင့်အမျှ စစ်တပ်ဟာကိုယ်လွတ်ရုန်းခဲ့တယ် ။ ဒီကြားထဲ king တို့ကိုပါ စစ်ပြေးအနေနဲ့ ဝရမ်းထုတ်ခဲ့တယ် ။ king တို့ထွက်ပြေးနေတဲ့အချိန်မှာ ညီဖြစ်သူ day နဲ့ လူစုကွဲသွားခဲ့တယ် ။ တစ်ဖန်ညီဖြစ်သူကို လိုက်ရှာပြန်တော့လည်း ဇွန်ဘီတွေနဲ့တိုးပြီး မိသားစုသုံးယောက်လုံး ဇွန်ဘီဘဝပြောင်းသွားတယ်တဲ့လေ။ ဇာတ်လမ်းလေးကတော့ ဒါပါပဲတဲ့ကွယ်။ &

system one o six(106) S -1 ( Z &U )Where stories live. Discover now