Arc-3.11 Unicode

2.2K 211 29
                                    


" သခင်ဖြေးဖြေးလုပ်ပါဗျ....ကျွန်တော်နာတယ်နော်....သူ့အသားမဟုတ်တိုင်း "

" ငါကမင်းသခင်နော်....မင်းတပည့်မဟုတ်ဘူး....စကားကိုကြည့်ပြော....ငါရိုက်လိုက်လို့တစ်ကိုယ်လုံးကျိုးသွားမယ် "

" ကျွန်တော်ကအဲ့လောက်အားမနည်းပါဘူးနော်....အ...ဖြည်းဖြည်း.
.ကျွန်တော်မှာကြွက်သားတွေမှ.....သခင်ထက်တောင်များသေး.... "

" မင်း!!....မင်းဘာပြောတယ်...ငါကဘယ်သူတုန်းသိလား...ငါနတ်ဘုရားခေါင်းဆောင်ရဲ့သားကွ....လာမင်းများတယ်ဆိုတဲ့....ကြွက်သားတွေယှဥ်မလားပြော....လာလေ...ခုချွတ်! "

ယွဲ့ဟန်တစ်ယောက် ကိုယ်ရံတော် ရုံယီ ရဲ့အဝတ်တွေကိုဇွတ်ဆွဲချွတ်လေသည်။ သူရဲ့ခမည်းတော်က သူငယ်ငယ်ကစောင့်ရှောက်ဖို့နဲ့ အဖော်ရအောင်ဆိုပြီး ကလေးတစ်ယောက်ခေါ်လာခဲ့သည်။ ထိုကလေးနာမည်က ရုံယီတဲ့ ။ မျိုးရိုးကတော့ မသိပေ။ ရုံယီနဲ့ ယွဲ့ဟန်က ငယ်ငယ်ထဲက ပေါင်းသင်းလာခဲ့ကြတာ ကိုယ်ရံတော်နဲ့ အစေခံလိုမဟုတ်ဘဲ သူငယ်ချင်းလိုပင်အရမ်းရင်းနှိီးသည်။ ရုံယီကလည်း ယွဲ့ဟန်ကို အမြဲစောက်ရှောက်တတ်ပြီး ယွဲ့ဟန်ကလည်း ရုံယီအပေါ်တွင် အများနဲ့မတူသည့် ထူးခြားတဲ့ ဆက်ဆံရေးမျိုးရှိသည်။ ယွဲ့ဟန်က ရုံယီနဲ့ဆို ရွံတယ်လို့မခံစားရပဲ သူ့ကိုယ်ကိုလုံခြုံမှုရှိပြီး အမြဲပေါ့ပေါ့ပါးပါးနေတတ်သည်။

ရုံယီ-" တော်... တော်ပါပြီ....သခင်လေးရဲ့...ကျွန်တော်ထက်သခင်လေးကပိုများပါတယ်... "

ရုံယီ ပါးများနီရဲလာရပြီ သခင်လေးကို ငြင်းဆန်လိုက်သည်။ အမှန်တကယ် ပြောရရင် သူသခင်လေးအပေါ် မရိုးသားဘူးဆိုတာကိုတော့ဝန်ခံရပေမည်။ ရုံယီငယ်ငယ်က မှတ်ညဏ်တွေကိုလည်း ဘာတစ်ခုမှမမှတ်မိပေ။ သူသိတာဆိုလို့ နတ်ဘုရားခေါင်းဆောင်က သူ့ကိုကယ်တင်ခဲ့တဲ့ သူ ၊ သခင်လေးက သူ့ကိုကယ်တင်ခဲ့တဲ့သူရဲ့ သားဆိုတာပင်။ ရုံယီငယ်ငယ်ထဲက သနားတဲ့အကြည့်တွေ ၊ မတူမတန်တဲ့အကြည့်တွေကို သာသူကြုံခဲ့ရသည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုလိုလားသည်မရှိခဲ့။ ဒါပေမယ့် သခင်လေး သခင်လေးက သူ့ကိုလိုလားတဲ့တစ်ဦးတည်းသောသူပင်။ ဒါကြောင့် သခင်လေးရဲ့စေတနာတွေကို ပြန့်တုန့်ပြန်နိုင်ဖို့ သူကြိုးစားခဲ့တယ် ။ ပထမတော့ သခင်လေးအပေါ် အကိုတစ်ယောက်လိုသဘောထားပေမယ့် သခင်​လေးက သူ့အပေါ်ကို အများနဲ့မတူတဲ့ ဆက်ဆံပုံတွေကြောင့်လား ဘာလားတော့ မသိပေမယ့် ရုံယီသခင်လေးအပေါ်ကို ပုံမှန်မဟုတ်တဲ့ချစ်ခြင်းမျိုးနဲ့ ချစ်မိနေခဲ့သည်လေ။ ရုံယီ သခင်လေးနဲ့ နွေဦးနတ်ဘုရားမတို့အကြောင်းကို သူသိပါသည်။ သူဝမ်းနည်းရပေမယ့် သူကျေနပ်စွာပင် သခင်လေးကိုလက်လွတ်နိုင်ပါသည်။ သခင်လေးပျော်ရွှင်မယ်ဆို ရုံယီကဘယ်လိုဖြစ်ဖြစ်အဆင်ပြေနေခဲ့သည်မလား ။ ရုံယီက အရမ်းအ သည်မလား သခင်လေးအပေါ် ကာကွယ်ပေးရုံတင်ရပေမယ့် နှလုံးသားကိုပါပေးပစ်ခဲ့သည့် ငမိုက်သားတစ်ယောက်ပေ။

system one o six(106) S -1 ( Z &U )Where stories live. Discover now