Arc-3.1 Unicode

3.3K 264 8
                                    

[ host..... host ....ထပါဦး ]

Host-" ဟင်း.....မင်းမေကြီးဒေါ်ပဲ..... မူးလိုက်တာ....six ရာမင်းဟာက.....တစ်နေ့တစ်ခြားပိုပြီးဆိုးလာပါလားကွာ.... "

ကျန်ဟောက် six ရဲ့အသံကြောင့် ထထိုင်လိုက်ပေမယ့် သူ့ရဲ့ခေါင်းက မူးနောက်သွားရသည်။ နာသည်က တော်သေးသည် အခုလိုချာချာလည်းပြီး မူးနေတာကိုကျန်​ဟောက်မခံစားနိုင်ပေ။ တစ်ကမ္ဘာပြီး တစ်ကမ္ဘာ ပိုပိုပြီးဆိုးလာသလိုတောင်ခံစားလာရသည်။

[  တတိယကမ္ဘာ ကိုရောက်နေပါပြီ..... host ....ဇာတ်ကြောင်းပို့လိုက်ပါပြီ....host ]

Host- နေဦး....အ.....six မင်းကိုသတ်မယ်!!!.....အ

ကျန်ဟောက်မှာ မူးနောက်နေရတဲ့ထဲ သူ့ခေါင်းထဲကို သူ့ရဲ့မှတ်ညဏ်မဟုတ်သည့်  ကိုယ်ပိုင်ရှင်ရဲ့ မှတ်ညဏ်တွေအကုန်လုံးကို တစ်ခါထဲဝင်ရောက်လာသဖြင့် ပြောမပြတတ်အောင်ကိုနာလှသည့်အပြင် ကမ္ဘာကူးပြောင်းခြင်းကြောင့် ခေါင်းကလည်းမူးနောက်နေသည်။

ဒီကမ္ဘာက မိစ္ဆာ၊ နတ်ဘုရား၊ နဲ့ လူဆိုပြီး မျိုးနွယ်သုံးခုရှိတယ်။  ဇာတ်ကားတွေထဲကအတိုင်း နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက ဘယ်တည့်ရိုးရှိမလဲ။ လူပြည်ကတော့ သူ့တို့ရဲ့ စစ်မြေပြင်ကြီးအဖြစ်ပဲပေါ့။ ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ကျင်းယွဲ့ဟန် ။ ဇာတ်လိုက်က နတ်ဘုရားခေါင်းဆောင်ရဲ့သား။ နတ်ဘုရားခေါင်းဆောင် ဆိုတဲ့အတိုင်း ထိုသူကလည်းပေါ့သေးသေးတော့မဟုတ်ပေ။ နတ်တွေအကုန်လုံးကြောက်ရွံရိုသေရတဲ့လူပင်ဖြစ်သည်။ ထို့အတူ ဇာတ်လိုက်ကလည်း အဖေ့ဂုဏ်ကြောင့် ဘယ်သူမှ သူ့ကိုပြန်ခံမပြောရဲကြပေ။တစ်ခြားအကြောင်းတစ်ခုက ပြန်ခံမပြောရဲနိုင်လောက်အောင်ထိ တော်လွန်းနေ၍ပင်။ အကောင်းဆုံးလို့ဆိုနိုင်လောက်သည့် မိုးကြိုးစွမ်းအင်ကို ပိုင်ဆိုင်ထား၍လည်းပါသည်။ ဇာတ်လိုက်မကတော့ ယွဲ့​
​မေရှင်း ။ သူမက နွေဦးနတ်ဘုရားမဆိုတဲ့ဂုဏ်ပုဒ်အတိုင်း လှပပြီး နွေးထွေးသည်။ သူမရဲ့အလှကိုဘယ်သူမှမလွန်ဆန်နိုင်ကြပေ။ ဒါကြောင့်လည်းသူမက နတ်ဘုံတစ်ခွင်မှာ အလှဆုံးဘွဲ့ကိုယူထားပြီး ဇာတ်လိုက်ရဲ့ စိတ်ဝင်စားခြင်းကိုပါခံရသည်။ ဇာတ်လိုက်မရဲ့ စွမ်းအင်က ' သစ် ' ဖြစ်သည် ။ဇာတ်လိုက်မနဲ့ ဇာတ်လိုက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး လက်ဆက်ဖို့အထိ ရည်ရွယ်ထားကြသည်။ နတ်ဘုရားခေါင်းဆောင်ကလည်း ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကို သဘောတူပေးခဲ့သည်။ အဲ့အချိန်ထိ အရာအားလုံးအဆင်ပြေနေခဲ့သေးသည်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ လက်ထပ်ပွဲနေ့မှာ အေးချမ်းနေတဲ့ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့သည်။ ထိုနေ့မှာပဲ မိစ္စာတွေက နတ်ဘုံကို တိုက်ခိုက်လာခဲ့သည်။ ပျော်စရာကောင်းတဲ့ လက်ထပ်ပွဲကနေ ဝမ်းနည်းစရာအဖြစ်ပြောင်းပစ်ခဲ့တဲ့ နေ့ပင်။ သေချာပေါက် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက ဘာမှမဖြစ်ပေမယ့် နတ်တော်တော်များများကတော့ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ တစ်ချို့ကတော့ နတ်သက်ကြွေတဲ့အထိပင် ဖြစ်ခဲ့ကြသည်။ နတ်ဘုံက ထိခိုက်မှုများသလို မိစ္စာဘုံဘက်ကလည်း နတ်ဘုံထက်မများဘူးဆိုပေမယ့် ထိခိုက်မှုရှိသည်။ နောက်ပိုင်းမှာ နတ်ဘုံကတိုက်ပွဲကို နိုင်သွားလေသည်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကလည်း လက်ထပ်ခဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားကြလေသည်။

[ ဇာတ်လမ်းလေးကတော့ဒီလောက်ပါတဲ့..... host ]

Host- " နေဦးလေ....ဒါဆိုငါကဘယ်ကိုယ်ထဲ....ဝင်တာလဲ.....ပြောဦးလေ....အင်းးး....မဟုတ်မှ...ဇာတ်လိုက်ကိုယ်ထဲများလား....ဟား...ဟား....ငါတော့ပွတာပဲ....ဒီကမ္ဘာကဇာတ်လိုက်မက....စောက်ရမ်းလှလား....six "

[ တန်ရာတန်ရာမှန်းပါ.....host ... ]

^^ သောက်ပေါ host ...ဖောက်ဖောက်လာတယ် ^^

Host-" ဒါဆိုမင်းက....ပြောပြလေ....ဇာတ်ကြောင်းမှာ...ဇာတ်လိုက်နဲ့ဇာတ်လိုက်မပဲပါတယ်....မဟုတ်မှ....ငါကမုဆိုးဖို.....ဇာတ်လိုက်အဖေများလား....ဟန်....ဒါတော့မရဘူးနော်....ကြိုပြောမယ် "

[ six. ...ပြောတာကိုနားထောင်ပါဦး...စိတ်ညစ်ပါတယ်....တကယ်ပဲ.....host ဝင်ထားတဲ့ကိုယ်ပိုင်ရှင်ရဲ့.....နာမည်က.....သွဲ့ယန်ကျင်းတဲ့....ပြီးတော့....host. ...ဘာသာဖတ်ကြည့်တော့ဗျာ....ပြောရတာမောလာပြီ ]

Host-" သောက်ပျင်း....system "

[ ငါလေးက....ငပျင်းလေးပါကွယ်.....ငပျင်းလေးပါကွယ်....ငါလေး.....ယောကျာ်းယူရင်လည်းးးး..ငါလေးရဲ့ချစ်ချစ်လေးကို....ခိုင်းစားမယ်ကွယ် !!! ]

Six သီချင်းလုပ်ပြီး အော်ဆိုနေလိုက်သည်။

Host-" ငလူး system. ...ဆောင့်ကန်လိုက်ရ...ကြည့်လို့ကိုမရဘူး "

ကျန်ဟောက် ပျင်းကြောင်းကို သီချင်းလုပ်ပြီး ဆိုနေသော six ကြောင့် တော်တော်လေးကို စောက်မြင်ကပ်လာရသည်။ ကပ်လည်းကပ်ချင်စရာပင် six ဆိုသည်မှာလည်း ပြဲလန်နေသောအသံဖြင့် ဆိုနေပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး အသားကုန်ညစ်ပြီးအော်နေလေသည်။ လူကောင်သာသေးပေမယ့် တော်တော်ပြဲတာပဲလို့ ကျန်ဟောက်သတ်မှတ်လိုက်သည်။

[ အဟွန်း....အဟွန်း....ပို့လိုက်ပြီ...စစ်ကြည့်လိုက်တော့ ]

Six ခုနက သူမဟုတ်တဲ့အတိုင်း အသံကိုလျော့ပြီး ရုပ်တည်ကြီးနဲ့ ပြောလိုက်သည်။

Host-"ဇွတ်တည်မနေနဲ့.....အရူးမကများ "

ကျန်ဟောက် six ကိုပြောလိုက်ပြီး သူ့ရဲ့မှတ်ညဏ် တွေကိုစစ်ကြည့်လိုက်သည်။

(ကျွန်တော်ပျက်တာတော်များနေပြီ.... နော့် ....sorry. ...စာလုံးရေပြည့်သွားပြီး.... နောက်တစ်ပိုင်း....😁😁)

system one o six(106) S -1 ( Z &U )Where stories live. Discover now