Cha-33

7.2K 1.5K 81
                                    

[Unicode]

ဆင်​​ခြေဖုံးအရပ်​ဒေသရှိ ကြီးကျယ်ခမ်းနား​သောဗီလာတခုတွင်ရှန်ယီမှာဆိုဖာ​ပေါ်တွင်ထိုင်​နေရင်း သူ့ Weibo အားပျင်းရိပျင်းတွဲအိပ်ချင်မူးတူးပွတ်သပ်ကြည့်​ရှုနေသည်။

​ကောမန့်အများစုမှာသူ့ဘက်မှာရှိ​နေ​ကြောင်း​တွေ့လိုက်ရတာမို့ စိတ်အ​ခြေအ​နေမှာအ​တော်​​လေး​တက်ကြွ​ကောင်းမွန်နေ၏။

ဖုန်းကို​ဘေးချထားလိုက်ပြီး သူ့​အေးဂျင့်အသစ်ရွှီနင်ထံလှမ်းပြောလိုက်သည်။

"ဒီဖန်​တွေက ခုလိုအ​ရေးအ​ကြောင်းကျ တကယ်အသုံးဝင်သားပဲ"

အမှန်​တော့ သူဟာအေးဂျင့်ကိုခုလောက်ကြီးလူသိရှင်ကြားပြောင်းလဲပစ်ဖို့မရည်ရွယ်ခဲ့​ပေ။

ဘာပဲဆိုဆို ဒါကသင့်တင့်​လျောက်ပတ်​သောကိစ္စမှမဟုတ်လိမ့်ပဲ။သို့​သော် ရွှီနင်ကသူ့အားအချိန်မီလေးအလင်းပြသွားခဲ့၏။

တခါတ​ရံမှာ မင်းအ​နေနဲ့ တစုံတခုကိုအလိုရှိလာရင် တစုံတခုကိုစ​တေးရလိမ့်မယ်ဆိုတာကိုပေါ့။

ထို့ပြင် ယွီချင့်ဟွမ်ဆိုတာက ​ပိုက်ဆံ​ကော ​ကျော​ထောက်​နောက်ခံပါမရှိသည့်အပြင် မိဘပါမရှိသည့် မျက်နှာသစ်တ​ယောက်သာသာပဲမို့ ​​​ကြောက်ရွံ့နေစရာလဲအ​ကြောင်းမရှိ​ပေ။

သို့ရာတွင်ဘာပဲဆိုဆို ရှန်ယီမှာဒီ​လောကမှာကျင်လည်​ကျက်စားနေတာနှစ်​ပေါင်းများစွာရှိ​နေပြီမို့ အထူးသတိရှိသည်ဆိုရ​မည်။

ရွီနင်နဲ့အကြံအစည်တခု​ရေးဆွဲပြီးတာနှင့် သူကယွီချင့်ဟွမ်ရဲ့​အချက်အလက်များကိုတိတ်တဆိတ်ခိုးယူရုံသာမက "The Line of Life and Death" ရိုက်ကူး​ရေးမှာ သူ့အ​ကြောင်း​​တွေမေးမြန်းစုံစမ်းခဲ့​သေးသည်။

ယွီချင့်ဟွမ်ရဲ့အ​ခြေအ​နေမှန်ကို ဂဃနဏသိရတာကျိန်း​သေမှ ယနေ့ပို့စ်၂ခုအားတင်ခဲ့ခြင်းဖြစ်၏။

အနုပညာ​လောကထဲတွင် ချော​မောလှပသည့် ရုပ်ရှင်မင်းသား​နဲ့မင်းသမီးအသစ်အသစ်တွေက
မ​ရေမတွက်နိုင်​လောက်​အောင်အဆက်မပြတ်ပေါ်​ပေါက်​နေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now