Prologue✨

10.2K 371 32
                                    

" ထွက်သွား ! "

ထွက်သွားပါလို့ အတင်း နှင်ထုတ်မိသူက သူကိုယ်တိုင်
ပင် ဖြစ်သော်လည်း ထိုကောင်လေးကို ထွေးဖက်ထား
သော လက်တွေအား လွှတ်မချနိူင်သည်မှာလည်း သူ
သာလျှင် ဖြစ်သည်။

" မင်းကို အရမ်း မုန်းတယ် .. Kim seok jin .. "

" မင်း ဘာလို့ ငါ့ကို အလွတ်မပေးရတာလဲ ?! "

အမြဲတမ်း ထိုသို့ မေးတတ်သော်လည်း တကယ်တမ်း
မလွတ်မြောက်ချင်ပဲ ထိုကောင်လေးထံတွင် ချည်နှောင်
ညှိတွယ်နေချင်သူကလည်း သူကိုယ်တိုင်သာ ဖြစ်နေ
ပြန်၏။

" လိမ်တာ .. ကျနော့်ကို ချစ်နေလျက်နဲ့ ခင်များက
ကိုယ့်ကိုယ်ကို ညာချင်နေတာ .. Jeon jungkook !! "

" မဟုတ်ဘူး .. ငါ ချစ်တာ သူ့ကို .. သူ .. သူ ..... "

•••••••••••••••>>>💞<<<•••••••••••••••••••

" နေမင်းကြီးက အနောက်အရပ်က ထွက်ပြီး ကမ္ဘာကြီး
က လုံးတယ် ! " လို့ မောင်ပြောခဲ့ရင်တောင် မျက်လုံးစုံ
မှိတ် ယုံကြည်ပစ်မယ့်သူက ငါပဲ မောင် ..

" ငါ မောင့်ကို ယုံတယ် .. ! "

ချစ်လွန်းလွန်း ယုံကြည်ပေးလိုက်တာ မောင် ..
ပတ်ဝန်းကျင်က လူတွေ ဘာပဲပြောပြော မောင့်ကိုပဲ
ယုံမှာ .. အဲ့တာ မောင့်ကို အသက်တမျှ ချစ်ရလွန်းလို့ ..

ကျနော်သည် မောင့်ကို သည်မျှအထိပင် ချစ်ရပေမယ့်
" သူ " ဆိုသည့် မောင်ချစ်သည့် လူသားကိုတော့ သနား
စိတ်သာ ဝင်မိသည်။

ဒါဆို ကျနော့်ကိုရော .. ကျနော့်ကို မည်သူက သနားကြ
မည်နည်း ......။

•••••••••••••••>>>💞<<<•••••••••••••••••••

ကျနော်သာ နေကြာပန်းလေး ဖြစ်ခဲ့ရင် ..
" သူ " က မရှိမဖြစ် လိုအပ်တဲ့ နေမင်းကြီး တစ်စင်း ..

ကျနော်က ဗေဒါလေး ဖြစ်ခဲ့ရင်တော့ ..
" သူ " က ရှင်သန်စေမယ့် သမုဒ္ဒရာကြီး တစ်ခုပေါ့ ..

ကျနော့်တွင် ကိုယ်ပိုင် အိမ်မက်မရှိ .. " သူ့ " အိမ်မက်
သည်သာ ကျနော့် အိမ်မက် ဖြစ်ပြီး " သူ့ " ဆန္ဒတွေ
ကသာ ကျနော့် ဆန္ဒများ ဖြစ်ကြသည်။

မပိုင်ဆိုင်နိူင်သော အချစ်တစ်ခုကို မှားယွင်းစွာ ကိုး
ကွယ်မိသောကြောင့် အကြိမ်ကြိမ် ငိုရလိမ့်မည်။
သေမတတ် နာကျင်ရလိမ့်မည်။

သို့ပေမယ့် " သူ " တစ်ယောက် အပေါ် ချစ်မိခဲ့သည့်
အပေါ် ဘယ်သောအခါမှ နောင်တရလိမ့်မည် မဟုတ်
သလို .. အမှားတစ်ခုလို့လဲ မသတ်မှတ်နိူင် ..

" သူ " က အတ္တကြီးသည်။ရက်စက်လွန်းသည်။

Kim seok jin ဆိုတဲ့ ကျနော်ကတော့ ထို"သူ"အား
ရင်နှင့်မဆံအောင် ချစ်ရသည်။တုံးအစွာ ချစ်သည်။

••••••••••••••••••••HE•••••••••••••••••••••••

To be continued ~~ ❄️

HEजहाँ कहानियाँ रहती हैं। अभी खोजें