Episode-24

1.5K 209 57
                                    

ညသန်းခေါင်ယံ အချိန်မို့ ပတ်ဝန်းကျင် တစ်ခုလုံး
သာမာန်ထက် တိတ်ဆိတ် ငြိမ်သက် နေပြီး ..

မီးရောင် ထိန်လင်းသော Seoul လမ်းမကြီးတွေပေါ်
နှင်းမှုန်မှုန် ကျဆင်းနေလျက် ..

ခပ်ဝေ့ဝေ့ တိုက်ခတ်နေသော ဆောင်းလေညှင်းကို
လစ်လျူရှူရင်း ..

Daddy အိမ်သို့ ဦးတည်နေတဲ့ သူ့ ခြေလှမ်းကျဲများက
မပြေးရုံတမယ် မြန်ဆန် သွက်လက်စွာဖြင့် ..

ညနေက သူ အပြင်ရောက်နေတုန်း အရေးတကြီး
ပြောစရာ ရှိလို့ဆိုတဲ့ ဖုန်းထဲက Daddy အသံက
သူ့နားထဲ စွဲနေခဲ့တာမို့ .

Tae Hyung လှေကားထစ်တွေ အစား ဓါတ်လှေကား
သုံးပြီး အိမ် အပေါ်ဆုံးထပ်ကို တက်လာခဲ့သည်။

ရုံးခန်းနား ရောက်လေ သူ့ရင်ခုန်သံတွေ မြန်လာလေ ..

စိတ်တွေ တည်ငြိမ်အောင် အသက်ဝဝ ရှူထုတ်လိုက်
ပြီးမှ တံခါး သုံးချက်ဆင့်ခေါက်လိုက်သည်။

Daddy ဆီက တစ်စုံတစ်ရာ တုံ့ပြန်မလာသော်လည်း
တံခါးကို အသာဖွင့်ဝင်ကာ ရုံးခန်းတွင်း ခြေချလိုက်
တော့ ..

ကုလားထိုင်ပေါ် မှီကာ အိပ်ပျော်နေသော Daddy ကို
တွေ့ရ၏။

Daddy ရှိရာ သွားဖို့ ခြေလှမ်းတွေကို ဖော့လျှောက်ရင်း

အနားရောက်တာနဲ့ ရှေ့တည့်တည့်တွင် ဒူးတစ်ဖက်
ထောက် ထိုင်ချလိုက်ပြီး ..

အေးချမ်းစွာ အိပ်မောကျနေတဲ့ ချစ်ရသူရဲ့မျက်နှာ
ချိုချိုလေးအား ငေးနေမိတာ မိန်းမိန်းမောမော ..

Daddy အသက်ရှုသံမှန်မှန်က သူ့နားထဲ ဝင်လာတာ
အသာယာဆုံး တေးသွား တစ်ပုဒ်လို ..

သေသပ်တဲ့ နှာတံအကျ၊မျက်နှာ ရှည်သွယ်သွယ်
တို့ရဲ့ ပေါင်းစပ်မှုကြောင့် ..

Daddy မျက်နှာထားက တည်ကြည်ပြီး အေးချမ်း
သည့် အသွင်ဆောင် သော်လည်း ..

သွေးရောင်သမ်းသော ပြုံးယောင်ယောင် နှုတ်ခမ်း
အစုံတို့ကြောင့် စွဲဆောင်မှုရှိကာ ရည်မွန်ပါသော သူ

အသက်အရွယ် ကွာခြားသလို သူ့ထက် ပိုပြီး ရင့်
ကျက် တည်ငြိမ်သည့် ..

HEWhere stories live. Discover now