Episode-25

1.9K 239 163
                                    

ည ၁၁ နာရီ ..

Seok Jin အိမ်ရှေ့မှာ ကားရပ်ထားတာ နာရီဝက်ရှိ
သွားပြီ ..

အခု ကျနော် မူးနေတယ် ..

Seok Jin နဲ့ ဇာတ်လမ်းကို ဒီနေ့ အပြီးဖြတ်တော့မှာမို့
ရဲဆေးတင်တဲ့ အနေနဲ့ သောက်ထားတာ ..

လက်တွေ့မှာတော့ အိမ်ထဲတောင် မဝင်နိူင်သေးဘူးလေ

စိတ်တွေ ထွေနေပေမယ့် အသိစိတ်လွတ်အောင် မူးနေ
တာတော့ မဟုတ်ဘူး ..

သွေးဆိုးတတ်တော့ အကြောင်းတစ်ခုခုနဲ့ ကောင်လေး
ကို နာကျင်အောင် လုပ်မိမှာ စိုးရိမ်နေတာ ..

ဒါပေမယ့်လည်း ဒီထက်ပိုပြီး သူ့ဒဏ်ရာတွေ မနက်
လာခင် ကျနော့် အတ္တတွေကို ခဝါချလိုက်တော့မလို့

၁၁ နာရီ လေးဆယ့်ငါးမိနစ် ..

ကျနော့် ခြေလှမ်းတွေ သူ့အိမ် တံခါး ရှေ့တည့်တည့်
ရောက်သွားခဲ့တဲ့ အချိန် ..

ဒီဇာတ်လမ်းလေး အကျည်းတန်မှုတွေနဲ့ အဆုံးသတ်
တော့မယ့် အချိန်ပေါ့ ..

" ကိုကို .. "

Seok Jin တံခါး ဖွင့်ပြီးတာနဲ့ jungkook ရင်ခွင်ထဲ
တိုးကာ တင်းကြပ်စွာ ဖက်တွယ်လိုက်ခြင်းမှာ ကြည်နူး
မှုတွေဖြင့် ..

Jungkook ကတော့ ကျောက်ရုပ်ကြီးလို ငြိမ်သက်
လျက် ..

" ကိုကို သောက်ထား.."

~~အွတ်~~

သူ့စကားမဆုံးခင် မျက်နှာကို ခပ်ကြမ်းကြမ်း မော့ယူ
ဆုပ်ကိုင်ကာ နှုတ်ခမ်းတွေကို နမ်းနေတာထက် ..
ကမူးရှူးထိုး ကိုက်ဖြတ်လာတဲ့ ကိုကို ..

အားပါပါ ဖျစ်ညှစ်ထားတဲ့ လက်တွေထဲ မျက်နှာတစ်ခု
လုံး ကျိန်းစပ် ထူပူလာသလို အသက်ရှူမဝ ဖြစ်လာသည်။

ဘယ်လိုမှ မခံနိုင်တော့တဲ့ အဆုံး သူ့ရင်ဘတ်ကို မနာ
အောင် ထုရိုက်မိတော့ ..

ရုတ်တရုပ် ဆိုသလို shirt အင်္ကျီကို အားဖြင့် ဆွဲဖြဲ
ကာ ရင်ဘတ်ကနေ ဆောင့်တွန်းခံလိုက်ရပြီး ..

ကျနော့် တကိုယ်လုံး couch ပေါ်ကို လဲကျသွားတာ
အတုံးအရုန်း ..

HEWhere stories live. Discover now