Episode-19

1.2K 174 42
                                    

" စိတ်မရှိရင် ကျနော့်ကို coffee တစ်ခွက်လောက်
ဝယ်တိုက်ပါလား Ji Min Hyung !! "

လက်မှတ်ကို သေသပ်စွာ ထိုးပေးပြီးတဲ့နောက် ..

ထမပြန်သေးပဲ ကော်ဖီတိုက်ဖို့ ပြောလာပါသော
ကောင်လေးငယ်က ရှက်ပြုံးလေး ပြုံးလို့ ..

အားနာတတ်သူပီပီ ခေါင်းတချက် ငြိတ်ပြလိုက်တော့
Ken က waiter တစ်ယောက်ခေါ်ကာ ကော်ဖီတစ်ခွက်
မှာသည်။

ပြီးတော့ ကျနော့်ကို " ခင်မင်ချင်ပါသည် " တဲ့လေ ..

" hyung က တကယ် ခင်ဖို့ကောင်းလို့ပါ ! ပြီးတော့
ကျနော်က hyung ရဲ့ fan စစ်စစ်လေ ! "

" ဟုတ်ပါပြီ ! ကိုယ်က အဲ့လောက်ကြီး လူမှုရေး
ခေါင်းပါးတဲ့ သူ မဟုတ်ပါဘူး .. coffee တောင်
ဝယ်တိုက်ပြီးပြီပဲဟာ ! "

Ji Min သွားလေးတွေ ပေါ်တဲ့ အထိ ပြုံးကြည့်နေတဲ့
မျက်ဝန်းလဲ့လဲ့များကို စူးစိုက်ကြည့်ရင်း ခပ်ရွှင်ရွှင်
ပြောလိုက်သည်။

ခုချိန် တစ်ယောက်ထဲ ပျင်းနေတာမို့ စကားပြော
ဖော်ရတော့လည်း မဆိုးဘူးလို့ တွေးရင်းပေါ့ ..

" Hyung က Seoul ကို အလည်လာတာလား ?! "

" အင်း .. အဲ့လိုပဲ ပြောပါတော့ ! "

" Seok Jin ကရော အခုထိ hyung တို့မြို့မှာပဲလား ?! "

seok jin ဆိုတာနဲ့ မျက်လုံးတွေ အရောင်လက်သွား
တဲ့ Ji Min အား  Ken စိတ်ထဲက ဟားရယ်လိုက်ပြီး

ထိုင်ခုံပေါ် ကျောမှီကာ ခပ်လျော့လျော့ ပြောင်းထိုင်
လျက် စေ့စပ်စွာ စိုက်ကြည့်နေလိုက်သည်။

" seok jin ဆိုတာက ... Kim seok jin ကိုပြောတာ
လား ?! "

" ဟုတ်တာပေါ့ .. hyung ခင်ပွန်းလောင်း Doctor Jeon Jungkook ဆီမှာ အလုပ်ဝင်လုပ်နေတဲ့ မိုးကျရွှေကိုယ် သူဌေးသားလေး Kim seok jin ကို ပြောတာ ! "

" Seok Jin နဲ့ Ken က ?! "

" ကျနော့် အချစ်ဆုံး သူငယ်ချင်းလေ ?! "

" အဟက် .. တိုက်ဆိုင်လိုက်တာနော် ! "

တအံတဩဖြစ်နေရှာသော ji min အား စူးစူးနစ်နစ်
စိုက်ကြည့်ရင်း smirk ပြုံးတစ်ခုဖြင့် ခပ်ဖွဖွရယ်နေ
သော  Ken ..

HEWhere stories live. Discover now