Episode-12

1.3K 203 72
                                    

" ကောင်လေးက ရေလည် မိုက်တာကွာ ! ငါ့မှာလေ
စမြင်မြင်ချင်း မင်း ဘယ်က idol ကို အိမ်ခေါ်လာ
တာလဲ ဆိုပြီး ငေးလိုက်ရတာ .. ဟ .. ဟ ..
ချောလိုက်တာ .. အရမ်းပဲ !! "

ဘယ်အချိန်ထဲက ပြောချင်နေလဲ မသိ ဟင်းချိုအိုး
မွှေရင်း seok jin အကြောင်း အားရပါးရ ချီးမွှမ်းခန်း
ဖွင့်လာတဲ့ ji min ..

သုံးမယ့် ပန်းကန်တွေ ဆေးနေတဲ့ Namjoon ကတော့
မိုးမမြင် လေမမြင် ပြုံးဖြီးသွားပြီး ..

" အဲ့တာပြောတာပေါ့ .. ကျနော့်မှာလေ အဲ့ကြွေရုပ်
လေးကို မထိရက် မကြည့်ရက်ကို ဖြစ်နေရတာ !! "

" ဟွန့် ! ထင်တယ် မင်း အကြည့်တွေကိုက ကောင်လေး
ကို ခိုက်နေတာ အသိသာကြီး ! "

မျက်မှောင်လေး ကြုတ်ပြီး သူခိုး ဖမ်းသလို ခပ်ဆွေ
ဆွေ ကြည့်ပြောလိုက်တော့ ..

sauce မြည်းရင်းက ငါးခူပြုံးကြီးဖြင့် ပြုံးပြလာတဲ့
Namjoon ပင် !

" ဟုတ်တယ် hyung ရဲ့ ကျနော် တော်တော် ဖြစ်နေတာ
ဒီတစ်ခါ လုံးဝ အပျော်မဟုတ်ဘူး ! အဲ့တာကြောင့် အဖိုးတန်လေးကို ပိုင်ဆိုင်ရအောင် ကြိုးစားမလို့ ဒီညပွဲမှာ hyung က ကူညီပြီး လမ်းကြောင်းပေးအုံးလို့ !! "

လက်အုပ်လေး ချီကာ အကူအညီတောင်းတဲ့ Namjoon
အား Ji Min ပြုံးပြလိုက်ပြီး ..

" အတည်ဆိုရင်တော့ ကူညီမှာပေါ့ကွာ ! "

" Yess !! ဒါမှ ငါ့ hyung ကွ ! အဲ့တာကြောင့် hyung
ကို ဟိုကောင် jungkook ထက် ပိုခင်တာ သိလား !! "

လိုချင်တာ ရသွားတဲ့ ကလေးနှယ် ခုန်ပေါက် မတက်
ဖြစ်သွားတဲ့ Namjoon ကိုကြည့်ရင်း ji min ခေါင်း
လေးမော့ကာ တဟားဟား အော်ရယ်လိုက်တယ် ..

အဲ့လို kitchen room ထဲ စကားကောင်းနေတဲ့ သူတို့
ဆီက ရယ်သံ လွင်လွင်တွေကြောင့် ..

Jungkook တစ်ယောက် သူ့အိမ်ထဲ Namjoon ရောက်
နေပြီ ဆိုတာ သိလိုက်ရတော့သည်။

ရှုပ်ထွေးနေတဲ့ စိတ်တွေ အားလုံးကို စာတမ်းတွေထဲ
မရမက နှစ်ထားလိုက်ရတာ နေဝင်သွားတာတောင်
မသိလိုက် ..

ရန်ဖြစ်ထားကြတာမို့ မျက်နှာချင်း မဆိုင်ချင်သေးပေ
မယ့် ဘာလို့ စကားများကြတာလဲလို့ အချစ်မေးလာရင် ဖြေရခက်တော့မှာမို့ ..

HEWhere stories live. Discover now