Episode-16

1.5K 200 129
                                    

" Wtf !! ဘယ်က ေွးစကားတွေလဲ .. Ken !!

လူတစ်ယောက်လုံး သတ်ခဲ့တာကို မမှတ်မိရအောင်
ငါက စောက်ရူးလား !!! "

Ken ရင်ဘတ်ကို အားဖြင့် ဆောင့်တွန်းလိုက်ပြီး
အော်ဟစ်ပြောနေတဲ့ Seok Jin ..

အိမ်မက်တောင် မမက်ခဲ့ဘူးတဲ့ ဒီရူးကြောင်ကြောင်
အခြေအနေကို လက်ခံဖို့ မလွယ်ကူတာမို့ ဒေါသထွက်
ပြီးရင်း ထွက်လာကာ မျက်နှာလေးပင် ရဲစပ်လျက် ..

တဖက်မှာလည်း တဟားဟား လှောင်ရယ်သံတွေက
သူ့စိတ်ကို ပိုပြီး ခြောက်လန့်ပေးနေသယောင် ..

" သေချာ စဉ်းစား ကြည့်ပါအုံးကွာ မင်း အကြိုက်ဆုံး
ဒီကားနဲ့ ... အဲ့နေ့ညက ... တကယ်ပဲ မင်း မမှတ်မိတော့တာလား .. Jawn ?! "

သူ စိတ်ငြိမ်သွားမှ မဲ့ပြုံး တို့ဖြင့် ထပ်မံ တိုက်စစ်စင်
လာပြန်တဲ့ Ken ...

ဒီကား အဖြူက သူ့ကား ဆိုတာ သေချာသွားအောင်
အတည်ပြုပြီးတဲ့နောက် ခေါင်းထဲက မူးနောက်
နောက်ဖြင့် ထုံမှိုင်းသွားသည်။

ငါ့ ကားက Ken ဆီမှာ ဘာလို့ ရောက်နေရတာလဲ ?!

ဘာတွေလဲကွာ ... ?!

" အထက်တန်း စာမေးပွဲ နောက်ဆုံးနေ့ ... မင်း ငါ့ကို အိမ်ပြန်လိုက်ပို့ခဲ့တဲ့ မင်း အကြိုက်ဆုံး ဒီကားပေါ်မှာ

မင်းနဲ့ငါ ... မင်းနဲ့ငါ ဖြစ်ခဲ့တာတွေ ..

အဲ့ဒါတွေကို တကယ်ပဲ မေ့သွားခဲ့တာလား .. ?! "

အဓိပ္ပါယ် များစွာ ပါနေတဲ့ Ken ရဲ့ မျက်ဝန်းတွေက
အဆွေးရိပ်သန်းလျက် ရီဝေဝေ ..

သူ့ ဦးနှောက် တစ်ခုလုံး ထုံထိုင်းနေပေမယ့် နှလုံးသား
ကတော့ စူးစူးနစ်နစ် အောင့်မျက်သွားခဲ့ပြီး ..

မျက်ရည်တစ်ပေါက် သူ့ပါးပြင်ထက် လှိမ့်ဆင်းလာ
တဲ့နောက် အယောင်ယောင် အမှားမှားဖြင့် ခေါင်း
အတွင်တွင် ခါရမ်းလိုက်မိတယ် ..

" ငါကတော့ သေတောင် မေ့မှာ မဟုတ်တော့ဘူး ..

အဲ့အတွက် ငါ ပေးဆပ်ခဲ့ရတဲ့ အရာအားလုံးကို မင်း
ဆီက တစ်ခုချင်းဆီ ပြန်ယူမှာ .. Kim seok jin

မင်းကတော့ မှတ်ဉာဏ်တွေ ဖျောက်ပြီး ဒီအတိတ်
ဆိုးထဲက ရှောင်ပြေးခဲ့ပေမယ့် ..

HEWhere stories live. Discover now