Episode-13

1.4K 197 38
                                    

" ကျနော် seok jin ကို သဘောကျတယ် ! "

" အော် .. !! "

ညစာစားပြီးလို့ seok jin အိမ်ကို ပြန်လိုက်ပို့ပေးရင်း
ရင်ထဲက ခံစားချက်တွေကိုပါ Namjoon ဖွင့်​ဟလိုက်
မိတယ် ..

တကယ်တော့ သူ့ စိတ်ထင်နေတာကို ပိုပြီး သေချာ
သွားအောင် ဒီစကားနဲ့ အတည်ပြုကြည့်တာ ..

" အာ " လေး တစ်လုံးဖြင့် လှောင်ပြုံးလေး ပြုံးရယ်
နေတဲ့ Seok Jin အပြုအမူအရ သူ့အတွက် အဖြေဟာ အစထဲက ရှင်းလင်း သိသာနေပြီးသား ..

" ကျနော်ကလေ ဖွင့်ပြောလာတဲ့ လူတိုင်းကို
Level သုံးဆင့် သတ်မှတ်ပြီး ငြင်းတတ်တယ် ..

hyung က ကိုကို့ သူငယ်ချင်း ဖြစ်နေလို့ Level 1 နဲ့ပဲ
ငြင်းပေးလိုက်ပါ့မယ် ..

hyung ကို ညီအကို သူငယ်ချင်း တစ်ယောက်ထက်
ပိုပြီး ခံစားပေးလို့ မရဘူး ?! "

ချက်ချင်းကြီး အငြင်းခံလိုက်ရလို့ ရှက်ကိုး ရှက်ကန်း
ဖြစ်သွားခဲ့ပေမယ့် ..

ပွင့်လင်းလွန်းတဲ့ ကောင်လေးရဲ့ အကျင့်စရိုက်ကြောင့် Namjoon လည်ဂုတ်လေးကို ပွတ်သတ်လိုက်ရင်း
ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိပါသေးတယ် ..

မျှော်လင့်ထားပြီးသားမို့ အထူးတလည် ကြေကွဲစရာ
မှ မလိုပဲ .. ဒီအဖြေကို သူ လက်ခံနိူင်ပါတယ် ..

" အာ့ဆို .. Goodnight ပါ hyung .. ကောင်းကောင်း
ပြန်ပါနော် ! "

ပြုံးရယ် နှုတ်ဆက်ကာ ခြံထဲ ဝင်သွားတဲ့ ကောင်လေး
ကို ငေးကြည့်ရင်း သက်ပြင်း တွေတွေ ချမိတဲ့ သူ ..

" ကိုကို့ရဲ့ သူငယ်ချင်း ဖြစ်နေလို့ " ... ....

တကယ်ပဲ ကိုယ် ထင်နေသလို မင်း Jungkook ကို
စိတ်ဝင်စားနေတာ မှလား .. Kim Seok Jin ?!

Bar မှာ သုံးယောက် စုံတည်းက သတိထားမိပေမယ့်
မဖြစ်နိူင်ဘူး လို့ပဲ တွေးခဲ့တာ ..

ကောင်လေးလို အရာရာ ပြည့်စုံတဲ့ လူက jungkook
လို အိမ်ထောင်သည်တစ်ယောက်ကို သဘောကျဖို့
ဆိုတာ ဘယ်လိုလုပ် ဖြစ်နိူင်မှာလဲ လို့ပေါ့ ..

ဒီနေ့ည jungkook အိမ်ရောက်မှ ထင်နေတာ မမှား
မှန်း ကောင်းကောင်းကြီး သိလိုက်ရခြင်း ..

HEWhere stories live. Discover now