Episode-20

1.5K 219 133
                                    

" seok jin ကို ပြောစရာ ရှိတာ ပြောလိုက်တော့လေ
မောင် ! "

တိတ်ဆိတ်နေသော မနက်စာ စားပွဲဝိုင်းရဲ့ လေထုကို
ရုတ်ချည်း ပြောင်းလဲသွားစေတဲ့ Ji Min ၏ ခပ်ရှရှ
အသံစ ..

Seok Jin စားပွဲအောက်က လှုပ်ရှားမှု အားလုံးကို ရပ်
တန့်လိုက်သလို Jungkook ရဲ့ အကြည့်တွေကလည်း

သူ့ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေတဲ့ Ji Min ထံတွင်
ပြောင်းလဲ နေရာယူသွားခဲ့သည်။

" မောင် အခုမပြောရင် ငါ မင်းကို တကယ် စိတ်ဆိုး
တော့မှာ ! "

ပြတ်သား အေးစက်စွာ ပြောလာတဲ့ အချစ်က တကယ်
လည်း ဒေါသကို ထိန်းချုပ်ထားရသလို မှင်သေသေ
မျက်နှာထား တစ်ခုဖြင့် ..

အရှေ့တည့်တည့်မှ ကျနော့်ကို တလှည့် အချစ်ကို
တစ်လှည့် ကြည့်ကာ အကဲခတ်နေတဲ့ seok jin ရဲ့
စူးရှားရှား မျက်ဝန်းတွေကလည်း ကျနော့်ကို ဘာလဲ
ဆိုတဲ့ သဘောဖြင့် အမေးပြုနေ သယောင် ..

" မနေ့က မောင့်ဖုန်းထဲကို ခြိမ်းခြောက်တဲ့ စာတွေ
ပုံတွေဝင်လာတယ် .. Seok Jin !! "

Seok Jin သူ့ရှေ့က သက်ပြင်းချနေတဲ့ Jungkook
ကို ကြည့်လိုက်ပြီးမှ Ji Min ရဲ့ မျက်ဝန်းသေတွေကို
ခပ်ပေါ့ပေါ့ပဲ ရင်ဆိုင်လိုက်သည်။

မဟုတ်မှ ငါတို့ ကိစ္စကို Park Ji Min သိသွားတာ ?!

" ပုံတွေက မင်းနဲ့ မောင် တွဲသွား တွဲလာလုပ်နေကြတဲ့
သာမာန်ပုံတွေပါပဲ .. ဒါပေမယ့် မင်း သိတဲ့ အတိုင်း
ကိုယ်တို့မြို့က ကျဉ်းတော့ ..

တစ်ယောက်က အနေထိုင် မဆင်ခြင်လိုက်တာနဲ့ ဒီလို
ပေါက်ကရ သတင်းတွေ ထွက်လာတော့တာပဲ ! . "

ခပ်ထေ့ထေ့ ပြုံးနေတဲ့ Ji Min စကားတွေနဲ့ မနှစ်မြို့
ဖွယ် အကြည့်တွေကို Seok Jin လက်သီး တစ်ဖက်
ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ..

မရှိတဲ့ သထွေးမျိုးချကာ အားပြု နားထောင်နေရပြီ
ဖြစ်သည်။

ဒါကြောင့် ကိုကိုက လမ်းခွဲမယ် ပြောခဲ့တာကိုး ..

" ကိုယ်တို့နှစ်ယောက်လုံးက ဒီမြို့မှာ နေလာခဲ့တဲ့ နှစ်
တွေအတွင်း နာမည်ပျက် လုံးဝ ရှိခဲ့တာ မဟုတ်ဘူး ..

HEWhere stories live. Discover now