Episode-15

1.3K 199 46
                                    

" သေချာလား .. ?! "

အတွင်းရေးမှူး ပြတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီးတဲ့နောက်
ခပ်စပ်စပ် မေးခွန်းပြန်ထုတ်လာတဲ့ Yoon Gii မျက်ဝန်း
တွေမှာ မယုံကြည်နိူင်ခြင်း များစွာဖြင့် ..

စေခိုင်းထားတဲ့ လူက အယုံကြည်ရဆုံး အတွင်းရေးမှူး ဖြစ်နေတာမို့ ..

ဒီပုံရဲ့ သက်သေပြချက်ဟာ အမှန်တရား ဖြစ်ကြောင်း
သူ သေချာ သိပြီးသား ဆိုပေမယ့် ..

ကိုယ့် မျက်လုံးကို ကိုယ် မယုံကြည်နိူင်အောင် shock
ရသွားတာကြောင့် ပြန်မေးတယ်ဆို ပိုမှန်ပါလိမ့်မယ် ..

" သေချာပါတယ် ဆရာ .. တပတ်လုံးလုံး သူတို့နောက်
က မျက်ခြေမပျက် စောင့်ကြည့်ထားခဲ့တာပါ !! "

ပြတ်သား ခိုင်မာလွန်းတဲ့ စကားကြောင့် YG စားပွဲပေါ်
က ပုံတွေကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးမှ ..

မကျေနပ်မှုတွေဖြင့် ခပ်တင်းတင်း ချေလုံးပစ်လိုက်
တယ် ..

အဟွန်း .. တကယ်ပဲ Jeon Jungkook က ဖောက်ပြန်
တယ် တဲ့လား ..

တောက် .. ကျက်သရေ မရှိလိုက်ပုံများ ..

" ပြီးတော့ သူတို့နောက်မှာ အဖြူရောင် ကားတစ်စီးက
ကျနော်တို့လိုပဲ နောက်ယောင်ခံ လိုက်နေတယ် ဆရာ ..
Kim seok jin ဆိုတဲ့ ကောင်လေးကို လိုက်နေတာ
လို့ ထင်ပါတယ် .. "

" အထင်နဲ့ မရဘူး .. သေချာအောင်လုပ် !!!

ပြီးတော့ ဒီအကြောင်းတွေ Park Ji Min လုံးဝ သိလို့
မဖြစ်ဘူး .. ငါဘာပြောချင်လဲ မင်း နားလည်တယ်နော် "

" ဟုတ်ကဲ့ ဆရာ .. "

" ဟိုက သူတို့ အခြေအနေ အားလုံးကို မင်း ကိုယ်တိုင် ဆက်ပြီး စောင့်ကြည့်တာ ငါ လိုချင်တယ် .. ဘာတစ်ခုမှ လွဲချော်သွားလို့ မရဘူး !! သွားလို့ ရပြီ !! "

အတွင်းရေးမှူး ဖြစ်သူ ဦးညွတ် နှုတ်ဆက်ကာ အခန်း
ထဲက ထွက်သွားမှ YG ထိုင်ခုံပေါ် နောက်လှန် မှီချလျက်
သက်ပြင်း တွေတွေ ချပစ်လိုက်သည်။

လူတိုင်းမှာ စူးနစ် နာကျင်ရတဲ့ အတိတ် စာမျက်နှာတွေ
ရှိစမြဲပါပဲ ..

HEWhere stories live. Discover now