Episode-6

1.5K 188 30
                                    

" အဲ .. အာ့ မောင် .... "

ခရီးသွား မသွား ငြင်းခုံနေရာက မလိုက်ဘူးလို့ အတင်း
ငြင်းကာ မောင့်ကို စမိခြင်းရဲ့ အကျိုးဆက်က ဆွေ့ခနဲ
ကောက်ပွေ့ခံလိုက်ရခြင်းပင် ..

" ဒီမှာ လန့်သွားတယ်လေ .. !! "

လန့်ဖြန့်ကာ ထအော်မိတော့ မောင့်ဆီက ရယ်သံသဲ့သဲ့
ထွက်လာခဲ့ပြီးနောက် ..

ကုတင်ပေါ် အိခနဲ ပစ်တင် ခံလိုက်ရခြင်းနဲ့ အတူ
အပေါ်မှ အုပ်မိုးကြည့်ခြင်းကိုပါ ခံလိုက်ရတော့သည်။

" အချစ်ကို အရမ်းချစ်တယ် .. "

" အဲ့တော့ ?! "

နှာခေါင်းလုံးလေးကို ဆွဲလိမ်ရင်း ညစ်ကျယ်ကျယ်ပြုံး
ကာ မထိ တထိလေး စမိပြန်တော့ ..

" မောင့်ကိုလည်း ပြန်ချစ်ပေါ့ .. "

" မချစ်ဘူး ဆိုရင် ... ရော .. "

ခပ်အီအီ ကျနော့် စကားကြောင့် မောင်က အသည်းယား
စွာ ကြည့်ရင်း နှုတ်ခမ်းလေးကို ဖိကိုက်ပြ၏။

မောင်ပုံစံကြောင့် တကယ် အူအသည်းများ ယားကျိလာကာ ရင်တွေ ခုန်သွားရတဲ့ ကျနော်ကပဲ မောင့်ကို တပတ်
လှိမ့်စေကာ အပေါ်မှ ပြန်အုပ်မိုးလိုက်သည်။

ရင်ခွင်ထဲ ထွေးပွေးထားတဲ့ မောင့်အား နဖူးလေးမှ အစ
ချီလျက် မြတ်နိုးလွန်းစွာဖြင့် မျက်နှာ အနှံ့ နမ်းရှိုက်
လိုက်တော့ ..

မောင်က မျက်လုံးလေးများ ပိတ်လျက် ကျနော့် အနမ်း
များအား နူးညံ့စွာခံယူနေပြီးမှ ..

အားမရသလို ကျနော့်အား မော့နမ်းလာပြီး နှုတ်ခမ်းကို
တချက် ဖိကိုက်ရင်း လျှာဖျား နွေးနွေးလေးဖြင့် တိုးဝင်
လာခဲ့သည်။

အခုလို ရစ်ထွေးပတ်ကာ နမ်းရှိုက်မိတိုင်း ဟိုးအရင်က
လိုပဲ အချစ်က ကျနော့်ကို ရင်ခုန်အောင် လုပ်နိူင်စွမ်းရှိ
နေဆဲ ..

" အဲ့တော့ .. အခု မောင် ဘာဆက်လုပ်ရမလဲ ?! "

" မောင်က ဘာလုပ်ချင်လို့လဲ ?! "

" Yarrr ! Jeon Ji Min ! ဘာလုပ်ရမလဲ ခင်များ တကယ်
မသိဘူးပေါ့ !! "

" ပြောတာကိုက လူယုတ်မာသံကြီးနဲ့ !!! "

HEWhere stories live. Discover now