Episode-35

1.7K 292 97
                                    

မေ့မြောလုဆဲဆဲ ဖြစ်နေတဲ့ မောင့် omma ကို
Namjoon နဲ့ နှစ်ယောက်တွဲပြီး အခန်း အပြင်သို့
ခေါ်ထုတ်လာရသည်။

နှလုံးရောဂါ အခံရှိသူမို့ အသက်ဝဝ မရှူနိုင်တော့ပဲ
မောဟိုက်နေတဲ့ သူမက နှုတ်ခမ်းသားတွေ ဖျော့
တော့လာပြီး သွေးပျက် အားနည်းနေဟန် ..

" ငါ့သား အခုလို ဖြစ်ရတာ မင်းကြောင့် .. Park Ji
Min !! မင်းကြောင့် !!! "

တွဲပေးထားတဲ့ လက်ကို အကြမ်း ဆွဲဖယ်ရင်း ...

စိမ်းစိမ်းဝါးဝါး ကြည့်ကာ အရက်စက်ဆုံးသော
စကားကို ဆိုလေတဲ့ ယောက္ခမ ဖြစ်သူအား Ji min
ငေးကြောင်၍သာ ရပ်ကြည့်နေမိသည်။

" ဟက် .. မင်းကတော့ မျက်ရည်တစက်မကျဘူးပဲ "

ဒီလိုအခြေအနေမျိုးမှာတောင် ကျနော့်ကို ဒီလို
စကားမျိုး ပြောထွက်နိူင်တယ်တဲ့လား ..

ကိုယ်ချင်းမစာတတ်လိုက်တာ ..

" ခုချိန်မှာတော့ ဒီလိုတွေ မပြောပါနဲ့ omma ရယ်
ကျနော် ... တောင်းပန်ပါတယ် .. "

သူက မိခင်တစ်ယောက်ဖြစ်လို့ ရင်နဲ့မဆံအောင်
ပူလောင်နေတယ်ဆို ..

ဘဝနဲ့ ရင်းပြီး ချစ်ရတဲ့ အမြတ်နိုးဆုံးသော မောင့်
အတွက် ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုကလည်း သူမထက်
မြူစလေးတောင် မလျော့သလို ..

ရင်ဘတ်တစ်ခုလုံး ကွဲကြေ ပြာကျပြီး ရူးမတတ်
ခံစားနေရတာပါ ..

မောင်ကလွဲပြီး ဘေးမှာ ဘယ်သူမှ မရှိတဲ့သူမို့ ..

မောင်ကလွဲပြီး ဘယ်သူ့ရှေ့မှာမှ မငိုချင်တဲ့ သူမို့ ..

မငိုမိအောင်၊ပြိုလဲမသွားအောင် အံကြိတ်တောင့်ခံ
ပြီး သန်မာချင်ယောင်ဆောင်ထားခဲ့ရုံပါ ..

" အစတည်းက ငါတို့ မိသားစုထဲ မင်းရောက်မလာခဲ့
ရမှာ .. ငါ့သားဘဝထဲ မင်း ဝင်လာလို့ အခုလိုတွေ
ဖြစ်ရတာ .. အားလုံးက မင်းကြောင့် . မင်းကြောင့်နဲ့  "

HEOnde histórias criam vida. Descubra agora