Episode-9

1.2K 197 16
                                    

" အချစ် " ဆိုတဲ့ ဝေါဟာရဟာ အပြော ကြွယ်သလိုပဲ
ရှုပ်ထွေးလွန်းတဲ့ အဘိဓါန် တစ်ခုလို အဓိပ္ပါယ် ဖွင့်ဆို
ရတာလည်း ခက်ခဲ နက်နဲလွန်းပါရဲ့ ..

အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ လူသား
တွေဟာ လောဘကြီးသွားတတ်ကြတယ် ..

လူဆိုတာကိုက အတ္တတွေ ရယူပိုင်ဆိုင် လိုခြင်းဆိုတဲ့
လောဘ တရားတွေနဲ့ ဖွဲ့စည်း ဖြစ်တည်နေကြတဲ့ သက်
ရှိတွေပဲမို့ ..

ပိုင်ဆိုင်ထားသမျှကို ကျေနပ်မှု မရှိတာ လောဘကြီးတာ အတ္တကြီးတာတွေက သိပ်တော့ မဆန်းပါဘူး ..

ဒါဆို အဲ့အချစ်ကို ဝေမျှလို့ရော ရနိူင်သလား ?!

" လူတစ်ယောက်က တသက်မှာ တစ်ခါထဲ ချစ်ရမယ် "
လို့ ဘယ်သူက ပြောတာလဲ ?!

ကျနော်တို့ အားလုံးက အသွေးအသားနဲ့ တည်ဆောက်
ထားကြတဲ့ သက်ရှိလူသားတွေဖြစ်တာမို့ ..

နိစ္စဒူဝ ထိတွေ့နေရတဲ့ တစ်စုံတစ်ခုပေါ် ငြီးငွေ့လာတာ စိတ်ဝင်စားမှု လျော့နည်းသွားတာတွေ ရှိကို ရှိပါတယ်

အမြဲတမ်း ထမင်း စားနေရရင် pizza ဖြစ်ဖြစ်
တခြား မတူတဲ့ အရသာ တစ်ခုကို ပြောင်းစားကြည့်
ချင်ကြ သလို ..

pizza စားနေရင်းက ထမင်းကို လွမ်းနေတတ်တာမျိုးပေါ့ ..

ဒါတွေ အားလုံးက တပ်မက်မှုနဲ့ ရွေးချယ် ဆုံးဖြတ်
တတ်တဲ့ ကျနော်တို့ရဲ့စိတ် အခြေခံကြောင့်ပါပဲ ..

HEWhere stories live. Discover now