Episode-40

2.2K 260 127
                                    

လိမ်ညာ၊ဖောက်ပြန်မှုဆိုတာ လူတစ်ယောက်ရဲ့ဗီဇ
ပဲ .. ငါ မင်းရဲ့ အဲ့ဗီဇကိုလေ မင်းရဲ့ အသွေးအသား
တွေထဲက ဖောက်ထုတ်ပစ်လိုက်ချင်တာ ...

ဖြစ်နိူင်မယ်ဆို ငါလေ မင်းရဲ့ ညစ်ပတ်တဲ့ အဲ့ဗီဇကို
ပဲ နာနာ ကျည်းကျည်း မုန်းပစ်လိုက်ချင်တာပါ
မောင်ရယ် ...

Ji Min ________________________________

မြင်လိုက်ရတဲ့ မြင်ကွင်းက ..

မောင်က ကျနော် မဟုတ်တဲ့ တခြားတစ်ယောက်ကို
အငမ်းမရ နမ်းရှိုက်နေတဲ့ စက်စုပ်စရာ မြင်ကွင်း ..

မီးရောင်ပျပျအောက်မှာ ထင်ထင်ရှားရှား မြင်နေ
ရတဲ့ မောင်နဲ့ ချစ်ရည်လူးနေတဲ့ တစ်စုံတစ်ယောက်

အဲ့လူက .. အဲ့လူဟာ ...

Seok..Seok Jin !! Kim seok jin .. တဲ့လား ..

နှလုံးခုန်သံတွေကို ရပ်တန့်သွားစေတဲ့ ဒီရွံ့မုန်းစရာ
မြင်ကွင်းက အိမ်မက်ဆိုး အဖြစ်တောင် မတွေးထင်
မိခဲ့တဲ့ အကြောင်းအရာမို့ ..

မီးတောင်ကြီး တစ်ခု ရှေ့တည့်တည့်မှာ ပေါက်ကွဲ
ပြီး ချော်ရည်ပူတွေထဲ နစ်မြုပ်သွားသလို ..

အရှိန် ညည်းညည်း ပူလောင်လာပြီး ဆောက်တည်
ရာမဲ့သွားခဲ့တဲ့ ကျနော့် စိတ်နဲ့ ခန္ဓာ ..

ချာချာလည်နေတဲ့ ခေါင်းထဲမှာ ဦးနှောက်တစ်ခုလုံး
က ပေါက်ကွဲတော့မတတ် ..

ထုံထိုင်းသွားတဲ့ စိတ်တွေနဲ့ စို့နင့် ပြည့်ကြပ်နေတဲ့
ရင်ဘတ်တစ်ဆုံက တဆစ်ဆစ် နာကျင်လာရတဲ့
နောက် နှလုံးသားဟာ ရစရာ မရှိအောင် ပိုင်းခုတ်
ခံနေရသလို ခံစားမှုတွေနဲ့ ..

ပါးပြင်နှစ်ဖက်မှာတော့ မျက်ရည်ပူတွေက အကျည်းတန်စွာ ကျစီးလို့ ..

ခန္ဓာကိုယ်ရဲ့ သွေးဆဲလ် တစ်ခုချင်းဆီက လျှပ်စစ်နဲ့
တို့ခံထားရသလိုမျိုး ပြောမပြနိူင်အောင် နာကျင်ရတဲ့
ဒီအခြေအနေ .. 

ရင်ဘတ်တွေ အောင့်ကာ ကမ္ဘာကြီးတစ်ခုလုံး
အမှောင်ကျသွားတဲ့နောက် ..

HEWhere stories live. Discover now