Episode-34

1.8K 275 62
                                    

~~Ring ! Ring ! ~~

မနက် ၈ နာရီ ..

Company သွားဖို့ အဝတ်အစားလဲ ပြင်ဆင်နေရင်း
စားပွဲပေါ်မှ မြည်လာတဲ့ ဖုန်းကို Tae Hyung
ခပ်သွက်သွက်ပင် ကိုင်လိုက်သည်။

- " ဟုတ် ! Daddy !! "

- " ......... "

- " ဘယ်လိုဖြစ်ပြီးတော့ .... "

ကြားလိုက်ရတဲ့ သတင်းဆိုးက တကယ်ကို မယုံချင်
စရာ ..

Jeon Jungkook က ကားတိုက်ခံရလို့ အရေးပေါ်မှာ
ရောက်နေတယ်တဲ့လား ..

- " ဟုတ် ! ကျနော်တို့ လိုက်သွားလိုက်ပါ့မယ် "

Company မှာ အရေးအပေါ် အစည်းအဝေး ရှိတာမို့
Daddy က ကျနော်နဲ့ Seok Jin ကို သူ့အစား ဆေးရုံ
သွားခိုင်းနေခြင်း ..

ဒါပေမယ့် ...

ဒီကိစ္စကို Seok Jin သိအောင် ကျနော် ဘယ်ကနေ ဘယ်လိုစပြီး ပြောရမှာလဲ ..

" ဘယ်သူ့ဆီကလဲ .. ယောင်း !! "

Bathroom ထဲမှ ထွက်လာတဲ့ Seok Jinက ခေါင်း
လျှော်ထားတဲ့ ဆံပင်တွေကို သုတ်နေရင်း လှမ်း
မေးလာသည်။

" ဟို .. "

ပြောသင့်၊မပြောသင့် စဉ်းစားရင်း အကြပ်ရိုက်နေ
တာမို့ Tae Hyung စကား ဆက်ပြောဖို့ အထစ်ထစ်
အငေါ့ငေါ့ ဖြစ်ကာ မျက်စိမျက်နှာပင် ပျက်လို့ ..

" ဘယ်သူလဲ မေးတာကို မင်း ပုံစံကြီးက ဘာဖြစ်
နေတာလဲ ?! "

ပြောရင်းဖြင့် ဗီရိုထဲက အင်္ကျီတစ်ထည် ယူဝတ်နေ
တဲ့ Seok Jin ..

Tae Hyung စိတ်ရှုပ်ရှုပ်ဖြင့် ဆံပင်တွေ ထိုးဖွကာ
သက်ပြင်းသဲ့သဲ့ ရှိုက်လိုက်ပြီးမှ ..

" Jeon Jungkook !! "

နာမည်ကြားရုံနဲ့ ဘောင်းဘီ ကြယ်သီးတပ်နေတဲ့
သူ့လက်တွေက တုံ့ခနဲ ရပ်တန့်လို့ ..

Tae Hyung မျက်နှာ အရိပ်အကဲကို အသေးစိတ်
ဖတ်ကြည့်နေရင်း ..

ညက အိမ်မက်ဆိုးတွေကိုပါ ပြန်သတိရမိတော့
စိတ်ထဲ လေးလာပြီး ရင်တွေ မောလာလိုက်တာများ

HEWhere stories live. Discover now