Episode-36

1.8K 272 55
                                    

" Voo !! "

တံခါးခေါက်သံနဲ့ အတူ ကြားလိုက်ရသော ခေါ်သံ
သဲ့သဲ့ ..

Tae Hyung လှဲနေရာက ဆတ်ခနဲ ထပြီး တံခါး
သွားဖွင့်လိုက်တော့ ..

အခန်းရှေ့တွင် လက်ပိုက်ရပ်သူက နှစ်ယောက်မရှိ
နိူင်သော သူ့ရဲ့ ရှင်သန်မြတ်နိုးရာ ..

" Daddy !! "

" Hyung လို့ ခေါ်ပါဆို !! "

ပုလဲနှစ်ရောင် သွားတန်း ညီညီထက်က အမြတ်နိုး
ဆုံးသော အပြုံးစတွေကို မြင်လိုက်ရတာနဲ့ ..

ရှုပ်ထွေးနေတဲ့ သူ့စိတ်တွေက မြသားပမာ
ကြည်စင်သွားခြင်းမှာ အံ့ဩမှင်သက်ဖွယ်ရာပင် ..

" ကားလျှောက်မောင်းရအောင် !! "

Hyung ကိုယ်တိုင်က ည ၁၁ နာရီ လောက်ကြီး
အခန်းရှေ့ရောက်လာပြီး ..

အပြင်လျှောက်သွားဖို့ပါ ပြောလာတာမို့ အံ့အား
သင့်ကာ ခေါင်းငြိတ်ဖို့ပင် သတိမရတော့ ..

" မနက်ဖြန် Japan မသွားခင် ဒီနေ့ညကို မင်းနဲ့
အတူရှိနေချင်လို့ ... "

ထိုစကားကြောင့် သူ့ရင်ထဲ ကြည်နူးမှု လှိုင်းများ
တစိမ့်စိမ့် ဖြတ်ပြေးသွားကာ အသံထွက် ပြုံးရယ်
လိုက်မိသည် အထိ ..

ကားရပ်ထားတဲ့ နေရာကို ရောက်တာနဲ့ hyung
လက်ထဲမှ ကားသော့ကို ဆွဲယူလိုက်ပြီး ..

" ကျနော် မောင်းမယ် !! "

သူကိုယ်တိုင် ကားတံခါးကို ဖွင့်ကာ တက်စေတော့
အပြုံးတပွင့်နဲ့ Hyung က သူ့ ဆံပင်တွေကို ထိုးဖွ
ရင်း စနောက်ကျီစယ်သည်။

သန်းခေါင်ယံ အချိန်မှာတောင် Seoul လမ်းမထက်
မှာတော့ ကားတွေရှုပ်ကာ စည်ကားလို့ကောင်းနေဆဲ

ညှင်းသွဲ့သွဲ့ တိုက်ခတ်​နေသော နွေဦး၏ ညလေပြေ
က ခပ်အေးအေးလေးဖြင့် တမျိုးလေး ခံစားလို့
ကောင်းနေသည်။

စဉ်းစားကြည့်မှ Tae Hyung ကိုယ်တိုင် မောင်းတဲ့
ကားကို သူ လိုက်စီးဖူးတာ ဒါပထမဆုံး အကြိမ် ..

ဘာရယ်မဟုတ် သူ့စိတ်တွေ လှုပ်ရှားလို့နေ၏။

အမြဲလိုလို သပ်သပ်ရပ်ရပ် လှန်တင်ထားတတ်
သော Voo ရဲ့ကော်ဖီရောင် ဆံစတွေက လေယူ
ရာ ဝေ့ဝဲလို့ ..

HEWhere stories live. Discover now