Episode-37

1.8K 310 93
                                    

တံခါးခေါက် ဝင်ပြီး ထိုသူ ရှိရာ အခန်းထဲ ခြေချ
လိုက်ချိန် ..

ပြတင်းတံခါးမှ တဆင့် တိမ်ပြာပြာတွေကို ရပ်ငေး
နေသူက ကျနော် ရပ်နေရာဆီ ချာခနဲ လှည့်ကြည့်
လာခဲ့တယ် ..

ထိုခဏအတွင်းမှာပဲ တသိမ့်သိမ့် လှိုက်ဖိုလာတဲ့
ကျနော့် နှလုံးသား ..

အသက်ဝင်လာတဲ့ ရင်ခုန်သံ စည်းချက်တွေက
ပေါက်ကွဲလုဆဲဆဲမို့ ထိန်းချုပ်ရခက်နေခဲ့ပုံများ

အင်းလေ .. ကျနော့် နှလုံးသားက ကျနော့် အပိုင်
မဟုတ်တော့တာ ဒီလူကို စတွေ့ခဲ့တဲ့ အချိန်ထဲက
မဟုတ်လား ..

နှစ်သက် မြတ်နိုးခဲ့ဖူးသော အကြင်သူ၏ မျက်ဝန်း
ဝိုင်းဝိုင်းတွေမှာ အံ့ဩမှင်သက်ခြင်းတွေ ..

အမြဲတစ္ဆေ ကြည်စင်နေတတ်တဲ့ မျက်နှာပါးပါး
လေးကတော့ ကြွေတော့မယ့် ရွက်ဝါတွေလို ညိုးလို့
ရော်လို့ ..

" ... သက်သာတယ် မှလား ?!! "

လေတိုးသံပင် ကြားနိူင်လောက်အောင် ဆိတ်ငြိမ်
လွန်းတဲ့ အခန်းထဲ ပျံ့လွင့်သွားသော Seok Jin
အသံဆက နှစ်ဦးကြားရုံ ခပ်တိုးတိုးမျှ ..

" အင်း .. ကိုယ် အဆင်ပြေပါတယ် .. "

တည်ငြိမ်စွာ ပြောရင်းနဲ့ ကျနော့် အနားကို တစိုက်
မတ်မတ် လှမ်းလျှောက်လာတာမို့ ..

" တီလေးက မုန့်တွေ လာပို့ခိုင်းလို့ !!
အခု စားမလား ကျနော် ထည့်ပေးမယ်လေ !! "

စကားလမ်းကြောင်းလွှဲရင်း ခပ်ဆွေးဆွေး သူ့
အကြည့်တွေကို ခေါင်းငုံ့လျက် ကပျာကယာ
ရှောင်ဖယ်မိတယ် ..

ဒီလူနဲ့ဆို ခံစားချက်တွေက အခုချိန်ထိ အထိရှမခံ
နိူင်အောင် ကျိူးပဲ့လွယ်လွန်းနေဆဲ ..

" အင်း .. "

ခေါင်းတချက်ငြိမ့်ကာ ကုတင်ပေါ် ခြေတွဲလွဲချ
ထိုင်လိုက်တဲ့ ကိုကိုက ကျနော့် လှုပ်ရှားမှုတိုင်း
အပေါ် မျက်ခြေမခတ် စိုက်ကြည့်လို့နေပြီး ..

အဖြူရောင် အိပ်ရာခင်းပေါ်က ခပ်တင်းတင်းဆုပ်
ထားတဲ့ လက်သီးဆုပ်အရ ကျနော့်ကို တစ်ခုခု
ပြောဖို့ အားယူနေတာ သိသိသာသာ ..

HEWhere stories live. Discover now