Episode-31

1.8K 306 121
                                    

အေးစက်စက် နှင်းမှုန်တို့ ကွယ်ဝေးပြီး နွေးထွေးမှုတွေ ခြုံလွှမ်းစပြုလာတဲ့ အချိန်ကာလ ..

ရွက်ဟောင်းကြွေရာ ဆောင်းရာသီမှသည် ရွက်သစ်
ရွက်နုတို့ ဝေရာ နွေဦးသို့ ကူးပြောင်းစပြုပြီ ..

နှစ်ဟောင်းရဲ့ တစ်ရာသီစာက Seok Jin အတွက်
တော့ တကယ်ကို ကြာညောင်းလွန်းခဲ့သလို ..

အချိုးအကွေ့ပေါင်းများစွာကိုလည်း ခက်ခက်ခဲခဲ
ကျော်လွှားခဲ့ရတာ ဖြစ်သည်။

အသည်းကွဲ ဒဏ်ရာကို အကောင်းဆုံး ကုစားပေး
နိူင်သော အရာက အချိန် ဆိုတဲ့ စကားဟာ ကျနော့်
အတွက်တော့ တကယ်ကို မှန်နေခဲ့တယ် ..

အချိန်အတိုင်းအတာက တိုတောင်းနေသေးပေမယ့်
မျှော်လင့်ချက်တွေကို ဥပက္ခာပြုတတ်လာခြင်းနဲ့

ကျနော်တစ်ယောက် ရင့်ကျက်သွားခဲ့ပြီ ..

အနာတွေ ကျက်သွားလို့ မနာကျင်တော့ဘူးလား
ဆိုရင်တော့ ..

ဟင့်အင်း .. အခုထိတော့ နာကျင်နေရတုန်း ..

နာကျင်နေရင်းက တဖြည်းဖြည်း နေတတ်လာအောင်
ကြိုးစားနေရဆဲ ..

တိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် ခေါင်းထဲ ဝင်လာတဲ့ သူ့နဲ
ပတ်သတ်သမျှကို ခါးခါးသီးသီး မေ့ဖျောက်နေရ
တုန်းပါပဲ ..

သူ့အကြောင်း တွေးမိမှာစိုးလို့ အကြိုက်ဆုံး coffee
တွေကို ဖြတ်ပစ်လိုက်တယ် ..

ဘယ်တော့မှ ရောက်မလာဖူးတဲ့ အိမ်မက်တွေထဲ တယုတယ အချစ်ခံရလေမလား ဆိုတဲ့ စိတ်နဲ့ အိပ်
ပြီး ရှည်လျားခဲ့ရတဲ့ ညတာတွေ အဆုံးသတ်သွားပြီ

HETempat cerita menjadi hidup. Temukan sekarang