Episode-11

1.4K 193 51
                                    

" Paris ကို meeting သွားတက််ဖို့ Daddy နဲ့ မင်း
လိုက်ခဲ့ရမယ် .. V ! " ဆိုတဲ့ Daddy စကားကြောင့်
Tae Hyung အပျော်လွန်ပြီး တစ်ညလုံး အိပ်မပျော်ခဲ့

တစ်ပတ်လုံးလုံး Daddy အနားမှာ အနီးကပ် ရှိခွင့်ရ
တော့မယ်လို့ တွေးမိတိုင်း ရင်ခုန်သံတွေ မြန်ဆန်ကုန်
တာ အထိန်းအကွပ်မဲ့စွာ ..

ခုလည်း လေဆိပ်ဆင်းဖို့ Daddy အိမ်မှာ အစောကြီး
လာကြိုစောင့်နေမိတယ် ..

အလုပ်နဲ့ ပတ်သတ်ရင် စည်းစနစ်ကြီးပြီး အမှား မခံတဲ့ Daddy က အချိန်နောက်ကျတာလည်း မကြိုက်တဲ့ သူ

ငယ်ငယ်လေးထဲက Daddy ဖြစ်စေချင်တဲ့ အတိုင်း
နေလာခဲ့သူမို့ သူ့ဘဝဟာ Daddy စိတ်နဲ့ သူ့ရဲ့ခန္ဓာ ..

ညက်ညောတဲ့ ဖိနပ်ခွါသံကို ကြားလိုက်တဲ့နောက် ..

Kim အိမ်တော်အတွင်းက စက်လှေကားရှည်ကြီးပေါ်
Tae hyung မော့ကြည့်လိုက်သည်။

ကြက်သွေးနီရောင် suit ပေါ် အနက်ရောင် long coat
ထပ်ဝတ်ထားတဲ့ Daddy က ခန့်ညားမှု အပြည့်ဖြင့်
ကြည့်ကောင်းလွန်းနေပါ၏။

Boxy Smile တွေ ပေါ်အောင် သူ ပြုံးပြနှုတ်ဆက်ရင်း
အရိုအသေပေးတော့ ..

Daddy ဆီက ပြန်ရလိုက်တဲ့ အပြုံးတွေကြောင့် သူ့
ကမ္ဘာကြီးထဲ နေအစင်းတစ်ရာ ခ,သွားသလို ရင်ခုန်
သံတွေက လှိုင်းအထပ်ထပ် ..

အဲ့အပြုံးတွေဟာ သူ့အတွက် အရာရာ ..

ကျနော်ရှိရာ တစ်လှမ်းချင်း လျှောက်လာနေတဲ့ ထိုလူ
သားဟာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် နှလုံးသားထဲ နေရာ အပြည့်ယူထားခဲ့တဲ့ ..

Kim Tae Hyung ရဲ့ တစ်ဦးတည်းသော အရှင်သခင်

" (seok jin )သားက ထူးဆန်းနေတယ် မထင်ဘူးလား
V ?!! ဘယ်အချိန် ပြောပြော ဒီကို ပြန်မလာဘူးပဲ ငြင်း
နေတယ် !! "

ဟုတ်ပါတယ် .. ကျနော် မြတ်မြတ်နိုးနိုး ချစ်နေသူက
seok jin ရဲ့ Daddy Kim Hoseok ပါပဲ ..

" သူပျော်နေလို့ ဖြစ်မှာပါ .. Daddy ! အဲ့မှာက ဓါတ်ပုံ
ရိုက်လို့ကောင်းတဲ့ နေရာတွေလည်း များတယ်လေ !! "

" ဟိုမှာ ၂လလောက် နေပြီးတာတောင် ငြီးငွေ့တယ်တို့ ဘာတို့ မပြောလို့လေ ..

HETempat cerita menjadi hidup. Temukan sekarang