Episode -17🚨

3.4K 214 63
                                    

Kris : May contain NFSW part

[ So , Kris is on fire ပေါ့နော် ! But ဒီ episode
up ဖို့ အများကြီး စဉ်းစားခဲ့တာပါ .. တကယ်လို့
Kris ရေ ကိုယ်တွေတော့ ဒီရက်ပိုင်း စာမဖတ်နိူင်သေးဘူး ဆိုရင်လည်း ဒီမှာပဲ ပြောခဲ့ပေးပါ .. upကို break ထားပေးပါ့မယ်ရှင့် 💜 ]

______________HE_______________

T ~~

ပွင့်သွားတဲ့ တံခါးချပ်လေးနဲ့ အတူ မြင်ကွင်းထဲ ဘွား
ခနဲ ပေါ်လာတဲ့ ကိုကိုက ကျနော့် ကိုယ်လေးကို ချီမ
ယူလိုက်ပြီး အိမ်ထဲ ဆွဲခေါ်လိုက်ကာ ..

ကျနော့် နှုတ်ခမ်းတွေပေါ် အတင်း ဖိကပ်နမ်းနေတဲ့
အနမ်းကြမ်းတွေက ကြောက်ခမမ်းလိလိ ..

နူးညံ့ညင်သာခြင်း မရှိပဲ မွတ်သိပ်စွာ ဖန်တီး အစပျိုး
လာတဲ့ ကိုကိုရဲ့ အပြုအမူတွေက ကမူးရှူးထိုးဖြင့်
ထင်ရာစိုင်းနေသည့်နှယ် ..

ဒါဟာ နူးညံ့မှု မရှိတဲ့ နှစ်သိမ့် အနမ်းတွေ ဖြစ်ခဲ့မယ်
ဆိုရင်တောင် ကျနော်ဟာ ဒီအနမ်းအတွက် စောဒက
တက်ပိုင်ခွင့် မရှိတဲ့ သူ ..

ရိုကျိုးစွာ လက်ခံလိုက်ရခြင်းနဲ့ အတူ ကျနော့်ရဲ့
အရှုံးပေးထားမှုတွေကို ကိုကို တစ်ယောက် သိမြင်နိူင်
ပါစေ လို့ ဆုတောင်း အထပ်ထပ် ခြွေနေမိရင်း ..

မေ့မြောလုမတတ် အနမ်းတွေကို အလိုက်သင့် တုံ့ပြန်
လိုက်ရသည်။

" ကိုကို ဘာလို့ ဒီလောက် ရှုပ်ထွေးနေရတာလဲ ?! "

နှုတ်ခမ်းသားများ ပေါက်ပြဲသွားတဲ့ အထိ ကိုကို့
ဆန္ဒတွေကို ဖြည့်စည်းပေးပြီးတဲ့နောက် ..

ပုခုံးပေါ် မျက်နှာအပ်လျက် အသက်ပြင်းပြင်း ရှိုက်ကာ
အမောဖြေနေတဲ့ ကိုကို့အား တိုးဖျော့စွာ မေးလိုက်မိ
တယ် ..

" ကျေးဇူးပြုပြီး ကျနော့် အပေါ် ရှိနေတဲ့ စိတ်တွေကို
ရိုးသားပေးပါ .. Jeon Jungkook .. !! "

ငိုသံလေးဖြင့် အသနားခံလိုက်ရင်း ရင်ခွင်ထဲ တိုးဝင်
လိုက်တော့ ..

HEWhere stories live. Discover now