Episode-28

2.2K 292 178
                                    

" အချစ် .. "

သူ ခပ်အီအီလေး ခေါ်လိုက်ရင်း တံခါးလာဖွင့်တဲ့
Ji Min ခါးကို အတင်းအကြပ် ပွေ့ဖက်လိုက်တော့ ..

" မင်း အခုတလော နေ့တိုင်း သောက်လာတယ်နော် !! "

မျက်ခုံးပင့်ကာ စူးစူးရဲရဲ ကြည့်ပြီး ပြောလာတာမို့ ..
Jungkook ရှိသမျှ သွားလေးတွေ ဖြီးကာ မျက်နှာ
ချိုသွေးရသည်။

" နှစ်ယောက် အတူသောက်ရအောင် ခေါ်ပါဆိုတာကို
သူ တစ်ယောက်တည်း သောက်လာတယ် .. "

" နည်းနည်းလေးပါ .. မောင့်အချစ်ရယ် .. "

လက်ညိုးပေါ် လက်မလေးဖိကာ အသည်းပုံလေး
လုပ်ပြလျက် ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ချွဲတဲ့
ကျနော့်ကို အချစ်က အသည်းယားစွာ ကြည့်ရင်း
နူးညံ့စွာ ပြုံးရယ်သည်။

" မောင့်ကို ဘယ်လောက်ချစ်လဲ ?! "

အချစ် လက်သေးသေးလေးတွေကို မျက်နှာပေါ်
တင်လိုက်ပြီး လေးနက်စွာ စိုက်ကြည့်နေမိတယ် ..

သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးသွားတဲ့ အချစ်
က မျက်စောင်းလေးထိုးကာ ရှုက်သွားလိုက်တာများ ကလေးသေးသေးလေး ကျလို့ ..

ဒီလောက် အဖိုးတန်လွန်းတဲ့ လူသားတစ်ယောက်လုံး အနားမှာ ရှိနေပါလျက်နဲ့ ..

ဘာလို့များ ဟိုတစ်ယောက်ရဲ့ မာယာတွေထဲ ညွတ်
ဆင်းသွားခဲ့ရတာပါလိမ့်နော် ..

တကယ်တော့ သံယောစဉ်ဆိုတာ အရောဝင်လို့
မကောင်းတဲ့ ခွေးလေးတစ်ကောင်ပဲ ..

Kim seok jin ဆိုတာကိုက ဘယ်လိုမှ ပြင်မရနိူင်တဲ့
ကျနော့် ဘဝရဲ့ အမှား ..

အရှုပ်ကောင်!ငါ့ဘဝထဲ ဝင်ရှုပ်သွားတဲ့ အရှုပ်ထုပ် ..

" ဖြေလေကွာ .. ဘယ်လောက်ချစ်လဲလို့ !! "

" မင်း ချစ်သလောက်ပေါ့ .. "

အလိုမကျတဲ့ အဖြေကို တမင်ရွေးဖြေကာ စိန်ခေါ်
သလို ပေစောင်းစောင်း ကြည့်လာတဲ့ hyung ကို
ခါးပေါ်ကို အင့်ခနဲ ပွေ့တင်ပြီး ..

အားနည်းရာ ဇုန်လေးဖြစ်တဲ့ နားရွက်ဖျားလေးကို
လျှာဖျားဖြင့် ကလိရင်း မနာအောင် ကြိတ်ကိုက်၍
ပညာပေးလိုက်သည်။

HEWhere stories live. Discover now