Episode-33 (B)

2.4K 287 105
                                    

အချစ်ဆုံး " သူ " မှာ ကိုယ့်ထက် ပိုချစ်ရမယ့်သူ
ရှိနေခဲ့ရင် ..

အချစ်ဆုံး " သူ " က ကိုယ့်ကို စိတ်ဒုက္ခ အပေးဆုံး
သူ ဖြစ်နေရင် ..

အချစ်ဆုံး " သူ " က ကိုယ်နဲ့ ဘယ်လိုမှ အဆင်
မပြေနိူင်တော့တဲ့သူ ဖြစ်နေရင် ..

" အချစ် " ဟာ အမြဲတမ်း အစားထိုးလို့ရတယ် ..

အစားထိုးနိူင်တဲ့ သတ္တိမျိုးလည်း ကျနော်တို့မှာ
ရှိကို ရှိရမယ် ..

_____________သူ______________

~~!! ခွပ် !!~~

Seok Jin ရှေ့မှ အသိစိတ် ဝိုးတိုး ဝါးတားနဲ့
ရှောင်ဖယ်ရပ်လိုက်စဉ် ..

ကျနော့် မျက်နှာဆီ ရှေ့တည့်တည်မှ ဝင်လာသော
ခပ်ပြင်းပြင်း လက်သီးချက် ..

ဆင့်ကဲလာတဲ့ လက်သီးချက် ပြင်းပြင်းတွေကို ထိုး
နေတဲ့ သူက Kim Tae Hyung ဆိုတာ သိပေမယ့် ..

အစိတ်စိတ် အမြွှာမြွှာ ကြေမွသွားတဲ့ နှလုံးသား
ဒဏ်ရာ တွေ သက်သာလို သက်သာငြား ..

မည်သည်ကိုမှ မတုံ့ပြန်ပဲ မညှာမတာ ထိုးချက်
တိုင်းကိုသာ ကြိတ်မှိတ် ခံယူပစ်လိုက်သည်။

ခြေထောက်တွေ ခွေကျသွားတော့ ကျနော့် ကိုယ်
ပေါ်တက်ခွကာ တရစပ် ထိုးလာပြန်တဲ့ Kim
Tae Hyung !!

" တော်တော့ ! ယောင်း တော်ပါတော့ !! "

Seok Jin တားနေတဲ့ ကြားက လက်ကို လွှဲကာ ..

အဆက်မပြတ် ထိုးကြိတ်နေသော ယောင်းပုံစံက တကယ်ကို ထိတ်လန့်စရာ ..

" တော်တော့လို့ !!! "

ခန္ဓာကိုယ်ကို အားဖြင့် တွန်းထုတ်ပစ်လိုက်တော့မှ
ရပ်သွားတဲ့ ယောင်းက မတ်တပ်ရပ်သည်နှင့် ..

HEWhere stories live. Discover now