Episode-18

1.5K 188 26
                                    

ညနေစောင်း အချိန် ဆောင်းရာသီ နေဝင်ချိန် အလှက အိမ်ထဲက မြင်နေရတာတောင် ထိုင်ငေးချင်စရာ ...

ချမ်းစိမ့်စိမ့် ဖြစ်နေပေမယ့် ကျနော့် အိမ်လေးထဲ
လူတစ်ယောက်ရဲ့ အပြုံးတွေကြောင့် နွေးထွေးမှု
အပြည့်ဖြင့် ရာသီဥတု သာယာလျက် ရှိသည်။

ဒါပေမယ့် အဲ့လူဟာ သူ မဟုတ်တဲ့ ဧည့်သည်တစ်ဦး

တစ်နည်းအားဖြင့် living Room ထဲ ချိတ်ထားတဲ့
ဓါတ်ပုံတွေထဲက ကျနော် နမ်းနေတဲ့ သူ မဟုတ်ဘူး ..

ကျနော့် အနမ်းတွေကို ခြေဖျားလေးထောက် မျက်နှာ
လေးရဲပြီး ကြည်ကြည်နူးနူး ခံယူတတ်တဲ့ သူ မဟုတ်ဘူး

မိုးမလင်းခင် အိပ်ရာထပြီး ကျနော် စားချင်တာတွေ
တကုပ်ကုပ် ချက်ပြုတ်ကျွေးခဲ့တဲ့ သူ မဟုတ်ဘူး ..

ကျနော် ဆိုးစမျှကို သည်းခံပြီး ကျနော့်နားမှာ လိုသမျှ
ဖြည့်စည်း အနစ်နာခံပေးခဲ့တဲ့ သူ မဟုတ်ဘူး ..

တသက်လုံး ချစ်သွားမယ်လို့ ကတိတွေ အထပ်ထပ်
ပေးခဲ့မိတဲ့ သူ မဟုတ်ဘူး ..

စာချုပ်မှာ လက်မှတ်ထိုးပြီး မြတ်မြတ်နိုးနိုး လက်ထပ်
ယူထားခဲ့တဲ့ Jeon ji min မဟုတ်တဲ့ သူ ..

ကိုယ့်ကိုယ်ကို မုန်းတီးနေရင်းနဲ့ပဲ မျက်ရည်ကြည်တွေ
ကျနော့် မျက်ဝန်းအိမ်ထဲ ပြည့်လျှံလာခဲ့တဲ့နောက် ..

လူမဆန်စွာနဲ့ပဲ ဒီအိမ်ထဲက ကျနော့် နှလုံးသား ပိုင်ရှင်
နဲ့ ဖန်တီးခဲ့ဖူးတဲ့ အမှတ်တရတွေ အားလုံးကို ရည်ရွယ်
ချက်ရှိရှိ မေ့ဖျောက်ရင်း ..

တိုးဖက်လိုက်မိတာက ထိုဧည့်သည်လေးရဲ့ ခါးသွယ်
သွယ်ဆီ ..

Seok Jin ပြောတဲ့ အတိုင်း သူနဲ့ အတူ ရှိနေချိန် ..
အချစ်အကြောင်းကို ကျနော် တွေးမနေသင့်ဘူး
မဟုတ်လား ..

အတွေးပေါင်းများစွာနဲ့ အတူ အနမ်းတွေကိုပါ
အဆုံးသတ်လိုက်ရင်း သူနဲ့ အတူ ညနေစာစားဖို့
သာ ပြင်ဆင်လိုက်တော့သည်။

အခုချိန် နေရ ထိုင်ရခက်နေမယ့် အဖိုးတန်လေးရဲ့
ခန္ဓာကိုယ်လေး သက်သောင့် သက်သာဖြစ်စေဖို့ ..

HEWhere stories live. Discover now