Episode-42(A)

2K 191 70
                                    

" သူ ငိုနေမှာ သိရက်နဲ့ ကိုကိုက သူ့ကို ရက်ရက်စက်
စက် ပစ်ထားခဲ့ပြန်ပြီ .........

•••••••••••••••••••••••🌧🌧🌧••••••••••••••••••••••••••

Tae hyung ကားကို လမ်းဘေးချရပ်ထားရင်း ...

ကားလက်ကိုင်ပေါ် ခေါင်း ငိုက်စိုက်ချလျက် ..

ရှိုက်ကြီးတငင် ငိုနေမိတာ နာရီဝက်လောက်ပင်ရှိပြီ ဖြစ်သည်။

တိတ်ဆိတ်သော ညနေစောင်းဝယ် ယောင်္ကျားငယ်
တစ်ဦး၏ ငိုရှိုက်သံက နင့်နင့်သည်းသည်း ...

သူ လုံးဝ စဉ်းစားမရတော့ဘူး ..

Park Ji Min က ဘာလို့ သူ့အပေါ် ဒီလိုလုပ်ခဲ့တာလဲ?!!

ဒီလို အမှားကြီးကို သူ ကျူးလွန်စေဖို့ အကွက်ကျကျ
စီစဉ်ခဲ့တာ ဘာအတွက်လဲ ?!!

အခု သူ Hyung ကို ဘယ်လိုရင်ဆိုင်ရမလဲ ?!

Hyung ရဲ့ ချစ်သူတစ်ယောက်အဖြစ် သူဘယ်လို
လိပ်ပြာသန့်နိူင်တော့မလဲ ?!

သူ သိပ်ရှက်တယ် ..

အသိစိတ်လွတ်သွားလောက်အောင် မူးမူးရူးရူး
ဖြစ်ခဲ့တဲ့ သူ့ကိုယ်သူလည်း မုန်းလိုက်တာ !

စိတ်ကူးယဉ်ကမ္ဘာလေးထဲက Hyung နဲ့ သူ့အနာဂါတ်
တွေက ဒီလို သူရဲ့မသန့်ရှင်းမှုတွေကြောင့် တစစီ
ပျက်သုန်းရတော့မှာလား ...

" ကျွန်တော် ဘာဆက်လုပ်ရမလဲ Hyung ?!
Hyung မုန်းသွားမှာ ကျွန်တော် ကြောက်တယ် !"

လူတစ်ယောက်ကို တကယ် ချစ်ရင် ကိုယ်ချစ်တဲ့
သူအပေါ် စိတ်ရော ကိုယ်ပါ နာကျင်မှု မပေးမိအောင်
သစ္စာစောင့်သိရတယ်တဲ့ ..
အဲ့သစ္စာဆိုသည်ကသာလျှင် အချစ်ရဲ့ စစ်မှန်သော
တန်ဖိုးတစ်ခုပဲ ..

" ငါ သူ့ အပေါ် ဘယ်လို အနာတရမျိုးမှ မခံစားစေ
ချင်ဘူး .. Hyung အပေါ် ထာဝရ သစ္စာတည်ချင်တာ
လေ ... !!

အဲ့တာကို ငါ့ကျမှ ဘာလို့ အခုလိုတွေ ဖြစ်ကုန်ရ
တာလဲကွာ !!!.. "

မျက်ရည်တွေကို လက်နှစ်ဖက်ဖြင့် ဖိသုတ်လိုက်ပြီး
ပင့်သက်တစ်ချက်ရှိုက်ကာ စိတ်ကို ဖြေလျော့ကြည့်
ပေမယ့် ..

HEWhere stories live. Discover now