Episode-38

1.8K 264 27
                                    

အချစ်ရဆုံးသူ၏ လက်တဖက်ကို မြဲမြဲဆုပ်ကိုင်ရင်း ..

အပြုံးတွေနဲ့ ယှဉ်တွဲလျှောက်ခဲ့သော နေရာက
Iteawon ၏ လမ်းမ ကျယ်ကျယ်များပေါ် ..

နှစ်ဦးသားရဲ့ တက်ကြွလွန်းနေသော ခြေလှမ်းတွေက
လိုက်ဖက်ညီစွာ ..

ညမီးရောင်စုံတွေ ထိန်လင်းနေသော Iteawon
လမ်းမကျယ် ထက်မှာတော့ Night out ထွက်လာ
သူများဖြင့် တိုးမပေါက်နိူင်အောင် စည်ကားနေပြီး

မြူးကြွသော သီချင်းသံတွေက ဝေ့ဝဲ ပျံ့လွင့်လို့ ..

Night out ထွက်လာသော လူငယ်တွေရဲ့ ခပ်သွက်
သွက် ခြေလှမ်းတွေ၊လန်းဆန်းသစ်လွင်သော အပြုံး
တွေကို မြင်ရတော့ သူတို့စိတ်တွေပါ ပေါ့ပါးသွား
သလိုပင် ..

ဒါတွေကြောင့်ပဲ Iteawon က Seok Jin ရဲ့သဘော
ကျဆုံး နေရာတစ်ခု ဖြစ်နေရခြင်း ..

ဒီနေရာမှာ သူ့လက်ကို တွဲပြီး စိတ်လွတ်လက်လွတ်
ကခုန်ချင်မိတာကလည်း ကျနော့်ရဲ့ အိမ်မက်တစ်ခု

EDM သီချင်းတစ်ပုဒ် လေထဲ ပျံ့လွင့်လာတော့
ပြည့်ကျပ်နေတဲ့ လူအုပ်ထဲ ကိုကိုနဲ့ ကျနော် ခုန်
ပေါက်ကပစ်လိုက်ကြတယ် ..

လူကြီးဆန်သော ကိုကိုက အစက ကဖို့ ငြင်းသေး
ပေမယ့် ကျနော့်အလို လိုက်ကာ ပေါက်ကရ အက
မျိုးစုံကို အတူ တွဲကပေးပါ၏။

ရယ်သံတွေ ပျံ့ကြဲနေသော Iteawon ရဲ့ ဒီညမှာ
ချစ်ရသူနဲ့ အတူ ရှိနေရတဲ့ ခံစားချက်က တိမ်တွေ
ပေါ်မှာ မျောလွင့်နေရသလို အခိုက်အတန့်လေး ..

တွဲကနေရင်းက ဘေးနားက လူတွေ ဝင်တိုက်မည်
စိုးသောကြောင့် လက်ကို မြဲမြဲ တွဲထားရင်း ..

ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားသော လူကြီးကို
Seok Jin ရင်ခုန်မှုဖြင့် တရှုံ့ရှုံ့ နမ်းခဲ့မိတာ ဘယ်နှစ်
ကြိမ်ပင်မသိ ..

အခုနေ ဒီတလောကလုံးမှာ အပျော်ဆုံး သူက သူနဲ့ ကျနော်သာ ဖြစ်ပါလိမ့်မည်။

သီချင်းတွေကို အသံကုန်ဟစ် လိုက်ဆိုကာ ခုန်ပေါက်
လို့ မောလာတော့ လူရှင်းတဲ့ ဆိုဂျူဆိုင်လေး တစ်ခုထဲ ဝင်ထိုင်ဖြစ်ကြသည်။

HEWhere stories live. Discover now