" ထွက်သွား ! "
ထွက်သွားပါလို့ အတင်း နှင်ထုတ်မိသူက သူကိုယ်တိုင်
ပင် ဖြစ်သော်လည်း ထိုကောင်လေးကို ထွေးဖက်ထား
သော လက်တွေအား လွှတ်မချနိူင်သည်မှာလည်း သူ
သာလျှင် ဖြစ်သည်။" မင်းကို အရမ်း မုန်းတယ် .. Kim seok jin .. "
" မင်း ဘာလို့ ငါ့ကို အလွတ်မပေးရတာလဲ ?! "
အမြဲတမ်း ထိုသို့ မေးတတ်သော်လည်း တကယ်တမ်း
မလွတ်မြောက်ချင်ပဲ ထိုကောင်လေးထံတွင် ချည်နှောင်
ညှိတွယ်နေချင်သူကလည်း သူကိုယ်တိုင်သာ ဖြစ်နေ
ပြန်၏။" လိမ်တာ .. ကျနော့်ကို ချစ်နေလျက်နဲ့ ခင်များက
ကိုယ့်ကိုယ်ကို ညာချင်နေတာ .. Jeon jungkook !! "" မဟုတ်ဘူး .. ငါ ချစ်တာ သူ့ကို .. သူ .. သူ ..... "
•••••••••••••••>>>💞<<<•••••••••••••••••••
" နေမင်းကြီးက အနောက်အရပ်က ထွက်ပြီး ကမ္ဘာကြီး
က လုံးတယ် ! " လို့ မောင်ပြောခဲ့ရင်တောင် မျက်လုံးစုံ
မှိတ် ယုံကြည်ပစ်မယ့်သူက ငါပဲ မောင် .." ငါ မောင့်ကို ယုံတယ် .. ! "
ချစ်လွန်းလွန်း ယုံကြည်ပေးလိုက်တာ မောင် ..
ပတ်ဝန်းကျင်က လူတွေ ဘာပဲပြောပြော မောင့်ကိုပဲ
ယုံမှာ .. အဲ့တာ မောင့်ကို အသက်တမျှ ချစ်ရလွန်းလို့ ..ကျနော်သည် မောင့်ကို သည်မျှအထိပင် ချစ်ရပေမယ့်
" သူ " ဆိုသည့် မောင်ချစ်သည့် လူသားကိုတော့ သနား
စိတ်သာ ဝင်မိသည်။ဒါဆို ကျနော့်ကိုရော .. ကျနော့်ကို မည်သူက သနားကြ
မည်နည်း ......။•••••••••••••••>>>💞<<<•••••••••••••••••••
ကျနော်သာ နေကြာပန်းလေး ဖြစ်ခဲ့ရင် ..
" သူ " က မရှိမဖြစ် လိုအပ်တဲ့ နေမင်းကြီး တစ်စင်း ..ကျနော်က ဗေဒါလေး ဖြစ်ခဲ့ရင်တော့ ..
" သူ " က ရှင်သန်စေမယ့် သမုဒ္ဒရာကြီး တစ်ခုပေါ့ ..ကျနော့်တွင် ကိုယ်ပိုင် အိမ်မက်မရှိ .. " သူ့ " အိမ်မက်
သည်သာ ကျနော့် အိမ်မက် ဖြစ်ပြီး " သူ့ " ဆန္ဒတွေ
ကသာ ကျနော့် ဆန္ဒများ ဖြစ်ကြသည်။မပိုင်ဆိုင်နိူင်သော အချစ်တစ်ခုကို မှားယွင်းစွာ ကိုး
ကွယ်မိသောကြောင့် အကြိမ်ကြိမ် ငိုရလိမ့်မည်။
သေမတတ် နာကျင်ရလိမ့်မည်။သို့ပေမယ့် " သူ " တစ်ယောက် အပေါ် ချစ်မိခဲ့သည့်
အပေါ် ဘယ်သောအခါမှ နောင်တရလိမ့်မည် မဟုတ်
သလို .. အမှားတစ်ခုလို့လဲ မသတ်မှတ်နိူင် .." သူ " က အတ္တကြီးသည်။ရက်စက်လွန်းသည်။
Kim seok jin ဆိုတဲ့ ကျနော်ကတော့ ထို"သူ"အား
ရင်နှင့်မဆံအောင် ချစ်ရသည်။တုံးအစွာ ချစ်သည်။••••••••••••••••••••HE•••••••••••••••••••••••
To be continued ~~ ❄️
![](https://img.wattpad.com/cover/291395684-288-k762917.jpg)
YOU ARE READING
HE
Fanfictionမချစ်သင့်သော (သူ ) အား မှားယွင်းစွာ ချစ်မိခဲ့တဲ့နောက် ... Jeon jungkook ~ Kim seok jin ~ Park Jimin ~ Kim Tae Hyung ~ Min Yoongi Start Date - 13.11.2021 End Date - HE ✨