Episode-32

2K 309 106
                                    

လေးပင်နေတဲ့ မျက်လုံးတွေ ပွင့်လာသည်နှင့် ...

" ကျစ် "

တဆစ်ဆစ် ထိုးကိုက်နေတဲ့ နားထင်ကို လက်မနဲ့
အသာဖိရင်း Tae Hyung မျက်မှောင်ကြုတ်မိသည်။

အခန်း အပြင်အဆင် အရ အိမ်မှာ မဟုတ်မှန်း သူ
သေချာ သိလိုက်၏။

ညက အမူးလွန်ပြီး Seok Jin တို့ အိမ်မှာ အိပ်ပျော်
သွားခဲ့တာ ဖြစ်မည်။

တဖြည်းဖြည်းချင်း စဉ်းစားမှ ညက Daddy နဲ့ စကား
ပြောခဲ့တာကို တရေးရေး သတိရလာသည်။

" ဟားးးး ... သွားပြီ .. ..

Daddy ကို ငါ တကယ် ဖွင့်ပြောလိုက်တာလား ?! "

ကိုယ်တိုင်ပင် မယုံနိူင်အောင် ဖြစ်နေရတဲ့ ထိန့်လန့်
စရာ ကိစ္စကြီးကြောင့် ..

ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက် တကိုယ်လုံး
ထူပူကာ အကြပ်ရိုက်နေစဉ် ...

" နိုးနေပြီပဲ .. "

ကြည်လင်သော အသံတစ်ခု အခန်းထဲ ပျံ့လွင့်လာ
တော့ ထိုင်နေရာက ထရပ်လိုက်မိတာ မတ်ခနဲ ..

" Seok လေးက သူ့တီလေးနဲ့ Tennis သွားရိုက်ပြီ !! "

ပြောရင်းနဲ့ ကျနော် ရှိရာ လျှောက်လာတဲ့ Daddy က
casual wear နဲ့တောင် ခန့်ညားလွန်းနေသည်။

" ဟုတ် .. ဟုတ်လား .. အာ့ဆို ကျနော် ပြန်တော့မယ်
Daddy  !!! "

ကမ်းပေးလာတဲ့ အင်္ကျီကို ကောက်ဝတ်ကာ မျက်စိ
ရှေ့က လှည့်ထွက်ဖို့ ကြိုးစားလိုက်သော်လည်း .

လက်ကောက်ဝတ်ကို အမိအရ ဖမ်းဆုပ်ထားတဲ့
Daddy ..

" ရှောင်ပြေးဖို့ မကြိုးစားနဲ့ ... V !!! "

ခပ်ဆတ်ဆတ်ပြောရင်း အနားကို တိုးကပ်လာတဲ့
Daddy ကြောင့် သူ့ရင်ထဲ လှိုက်ဖိုမောလျက် အသက်
ရှူဖို့ မေ့သွားရသည် အထိ ..

" မင်းမှာ အပြစ်မရှိဘူး .. "

ခေါင်းကြီး ငုံ့ကာ မလှုပ်မရှုပ် ရပ်နေတဲ့ ကောင်လေး
က ဒီအခြေအနေကို မျှော်လင့်ထားပုံမရ ...

HETempat cerita menjadi hidup. Temukan sekarang