Episode-4

1.4K 202 17
                                    

" သူ " ဟာ စမ်းသပ် သုံးစွဲ ပိုင်ခွင့်ရှိတဲ့ အဖိုးတန်
သက်မဲ့ ပစ္စည်းလေး တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်တောင် ..

ကျနော်ဟာ အဲ့ပစ္စည်းလေးအပေါ် လောဘတက်ခွင့်
မရှိ၊ စမ်းသပ် သုံးစွဲပိုင်ခွင့် မရှိတဲ့ လူ ...

ဘာကြောင့်လဲ ဆိုရင်တော့ " သူ " အနားမရောက်လာ
ခင်ထဲက ကျနော်မှာက အမြတ်တနိုး ဝယ်ထားခဲ့တဲ့
အဖိုးတန် ပစ္စည်းလေး တစ်ခု ရှိနေပြီးသားမို့ .....

>>>💞<<<

သမားတော် ဘွဲ့ထပ်ယူဖို့ thesis တွေ၊စာတမ်းဖတ် ပွဲ
တွေကြောင့် ဆေးစာတွေ ပြန်လေ့လာကာ မအားမလပ်
ဖြစ်နေရသော ဆရာဝန်ကြီး Jeon jungkook ..

တစ်နေကုန် ဆေးရုံသွား၊ဆေးခန်းထိုင်ရလို့ အနားယူဖို့
မပြောနဲ့ ည ၁၀ နာရီ အထိ စာကြည့် စားပွဲမှ မထနိူင်
သေး ..

အလုပ်အပေါ် ဒီလောက် လောဘ ကြီးနေရခြင်းက
ငွေကြေး မပြည့်ဆုံလို့တော့ မဟုတ် ..

ကိုယ်တိုင်က အခြေအနေ တစ်ခုရှိသော မိသားစုရဲ့
နောက်ခံကို အမှီပြုပြီး ရေပေါ်ဆီ ဘဝနဲ့ မနေချင်ခဲ့
သလို ..

ဆရာဝန် အလုပ်ကိုလည်း အင်မတန် ဝါသနာပါလွန်း
နှစ်သက်လွန်းသောကြောင့် ဖြစ်သည်။

jungkook ဘေးနားက သုံးခွက်မြောက် ကော်ဖီခွက်ကို လက်လှမ်းလိုက်တော့ သူ့လက်ပေါ် အုပ်မိုး ချုပ်ကိုင်
လာသည့် ဖြူနုနု လက်တဆုံ ..

" အချစ်ကို မောင်က အိပ်နေပြီ ထင်တာ !! "

ပြုံးရွှင်ရွှင် ပြောတော့ အချစ်က သူ့နောက်ကျောအား
သိုင်းဖက်ကာ ဆံပင်တွေကို နမ်းရှုံ့နေရင်း ..

" အင်း .. အခုပဲ အိပ်တော့ မလို့လေ .. မောင့်ကိုပါ
လာခေါ်လိုက်တာ !! "

" မောင်က ဒါလေးဖတ်တာ လက်စ သတ်ချင်လို့ ..
ချစ်ရဲ့ .. မောင့်အချစ်က အရင် အိပ်လိုက်လေနော် !! "

HEWhere stories live. Discover now