Episode-39

2K 258 69
                                    

ဒီတပတ် တနင်္ဂနွေနေ့ သူတို့နှစ်ဦး Date ဖြစ်ကြတဲ့
နေရာက Jungkook ၏ အပန်းဖြေအိမ်ကြီးဝယ် ..

" အိမ်ကြီးက အရမ်းလှတာပဲ .. !! "

ဂျိုဆွန်းခေတ် အပြင်အဆင်များဖြင့် ခမ်းနားထည်
ဝါလွန်းသော Korea ရိုးရာအိမ်ကြီးထဲ လှည့်ပတ်
ကြည့်နေရင်း Seok Jin အံ့ဩမှင်သက်စွာ ..

" ဒါ ဘယ်သူ့ idea လဲဟင် ?! "

" ရှေးဟောင်းအိမ်ကို ဝယ်ပြီး ပြန်မွမ်းမံထားတာလေ
အပြင်အဆင်အားလုံးကတော့ hyung စိတ်တိုင်းကျ
လုပ်ထားတာ .. !! "

" အင်း !! "

နံရံပေါ်က ရိုးရာဝတ်စုံဖြင့် ခန့်ညားလွန်းနေသော
Jungkook ပုံကို ငေးရင်း ခပ်ဆွေးဆွေး ပြောမိတဲ့
နောက် ..

ကိုကိုက ဝယ်လာသမျှ လက်ထဲက ပစ္စည်းတွေကို
ဧည့်ခန်း Sofa ပေါ်တွင် တင်လိုက်ပြီး သူ့အနားသို့
လျှောက်လာကာ ခါးကို ခပ်တင်းတင်းဖက်သည်။

" စိတ်ရှုပ်သွားတာလား .. ?! "

သူ Jungkook ရဲ့ လည်တိုင်တဝိုက်ကို သိုင်းဖက်
ကာ ပုခုံးတဖက်ပေါ် မျက်နှာငိုက်ချလိုက်ပြီး ..

" သဘောမကျလို့ ပြောတာ မဟုတ်ပါဘူး .. ကိုကိုနဲ့
အတူရှိနေခွင့်ရတဲ့ နေရာတိုင်းမှာ ကျနော် ပျော်နိူင်တာ
သိရဲ့သားနဲ့ .. !! "

" ကျေးဇူးပါ .. ကလေးရယ် .. "

နဖူးပြင်ပေါ် တယုတယ နမ်းရှိုက်ရင်း နှစ်ဦးသား
မျက်လုံးချင်းဆုံသွားခိုက်မှာ Jungkook အကြည့်
တွေက နက်ရှိုင်းစွာ ..

" Seok Jin က ကိုယ့်အတွက် ကံကြမ္မာကပေးတဲ့
ကံကောင်းခြင်းတစ်ခုပဲ .. "

နှုတ်ခမ်းပေါ် ကျရောက်လာတဲ့ အနူးညံ့ဆုံးသော
အနမ်းတွေကို တရှိုက်မတ်မတ် ဖလှယ်ရင်း ...

ပြုံးနေမိသည့် သူ့မျက်နှာဝယ် အကြင်နာ အပြုံး
တွေက အေးချမ်းကြည်လင်လို့ ...

_-_ _-_ _-_

နွေရာသီ ညနေခင်း၏ နေဝင်ဆည်းဆာ အရောင်မှာ
နီဆွေးဆွေးဖြင့် တောက်တောက်ပပ ..

ဂျီရီတောင်ကို အဝေးမှ လှမ်းမြင်နိူင်သော ထိုရိုးရာ
အိမ်ကြီး၏ Kitchen room ထဲမှာတော့ သူနဲ့
Seok Jin ညစာချက်ဖို့ အလုပ်များနေကြသည်။

HEWhere stories live. Discover now