Episode-29

2.2K 311 197
                                    

မျက်လုံးတွေ ပွင့်သည်နှင့် ပန်းနုရောင် လိုက်ကာစပေါ် ဟပ်ထင်နေသော နေရောင်ခြည် အလင်းစကို တွေ့ရသည်။

လှဲအိပ်နေသော အခန်းတွင်းရှိ အရာရာက ပန်းရောင်
ပျပျ သန်းလျက်ရှိပြီး ...

ရင်းနှီးခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ရဲ့အငွေ့အသက်တို့
လွှမ်းခြုံထားသလို ခံစားမှု ..

နှာဖျားဝမှာ ရစ်သီ ဆော့ကစား နေပါသော စွဲမက်ဖွယ်
ကိုယ်သင်းရနံ့တို့ကြောင့် ..

သူ့ရင်အစုံက ငလျင်တစ်ခု လှုပ်ခတ်သွားသယောင်
ဝုန်းဒိုင်းကြဲလျက် အထိန်းအကွပ်မဲ့ အုံကြွလာ၏။

Jungkook ဝုန်းခနဲ ထထိုင်လိုက်မိပြီး ဘေးနေရာကို
အလန့်တကြား ကြည့်လိုက်မိတော့ ..

ဘုရားရေ !!!

Seok Jin က ငါ့ဘေးမှာ လာအိပ်နေတယ်တဲ့လား ..

" Seok ... Seok Jin ... "

နှစ်ခြိုက်စွာ အိပ်မောကျနေသူကို ကြည့်ရင်း လေး
လေးပင်ပင် ရွေရွတ်လိုက်တဲ့ သူ့အသံ တိုးတိုးမှာ
သွေးပျက်မှုတွေနဲ့ ကယောင်ခြောက်ခြား ..

တကယ်ပဲ .. မင်း .. မင်း ဟုတ်ပါတယ်နော် ..

မျက်နှာမှာတော့ ဝမ်းသာ ပျော်ရွှင်သွားတဲ့ အပြုံးရိပ်
တွေက ကြည်ကြည်လင်လင် ..

" ကိုကို့ဆီကို တကယ် ပြန်လာတယ်နော် !! "

စိတ်လှုပ်ရှားမှုတွေနဲ့ အတူ ဆံနွယ်ပျော့ပျော့တွေကို
ခပ်ဖွဖွလေး နမ်းရှုံ့လိုက်တော့ ..

Seok Jin ဆီက အမြဲ ရနေကြ ခေါင်းလျှော်ရည်နံ့
သင်းသင်းလေးကို စူးခနဲ ရလိုက်တယ် ..

ကိုကို့ကလေးက ကိုကို့ဆီကို တကယ် ပြန်လာတာပဲ
ဒါဆို ကိုကို အိမ်မက်မက်နေတာ မဟုတ်ဘူးပေါ့နော်

ရူးမတတ် ပျော်ရွှင်သွားတာနဲ့ အမျှ Seok Jin ကိုယ်
လေးကို တင်းကြပ်နေအောင် ပွေ့ဖက်ကာ ရင်ခွင်ထဲ
ဆွဲထည့်ထားလိုက်သည်။

ရင်ထဲက လာတဲ့ ပျော်ရွှင်မှုက ထုတ်ပြောပြဖို့ စကား
လုံး ရှာမရတော့တဲ့ အထိ ..

ကိုယ် ပျော်လိုက်တာ ကလေးရယ် ..

ထိုစဉ် .....

HEWhere stories live. Discover now