Episode-26

1.7K 272 145
                                    

ချစ်ခြင်းမေတ္တာတွေမှာလည်း အတိုင်းအတာ ဆိုတာ
ရှိတယ် ..

တန်ဖိုးမထားရင် ပျောက်ကွယ် သွားတတ်တယ်
ဆိုတာ ( သူ ) သိနိူင်ကောင်းပါရဲ့ ....

_____________HE______________

မှုန်ဝါးဝါး မြင်ကွင်းထဲ လှုပ်ရှားနေတဲ့ ပုံရိပ်တွေ တရေး
ရေး ပျောက်ကွယ် သွားသည် အထိ ..

ထိုနေရာမှာပဲ ခြေစုံရပ်ကြည့်နေမိတဲ့ သူက လူသေ
ကောင် တစ်ယောက်လို ..

အိမ်ရှေ့မှာ သူရှိနေတာ သိရက်နဲ့ ရက်စက်နိူင်လွန်း
သူကတော့ မှိန်ပျပျ လမ်းမီးတိုင်လေးကိုပါ ရည်ရွယ်
ချက် ရှိရှိ ငြိမ်းသတ်ပစ်ခဲ့တယ် ..

" ဟား .. ဟား .. "

တဖွဲဖွဲ ကျနေတဲ့ နှင်းမှုန်တွေထဲ ဝေ့ဝဲ လွင့်ပျယ်သွား
တဲ့ သူ့ဆီက ခြောက်ကပ်ကပ် ရယ်သံတွေ ..

အထိန်းအကွပ်မဲ့စွာ ယိုစီးခဲ့တဲ့ မျက်ရည်တွေက ပါးပြင်
နှစ်ဖက်မှာ အခုမှ ခြောက်သွေ့ခါစ ..

" ဟက် .. လူတွေက အပြောင်းအလဲ မြန်လွန်းတယ် "

မှုန်ဝါးနေတဲ့ အမြင်အာရုံတွေက တဆင့် ကောင်းကင်
က ကြယ်တွေကို မော့ကြည့်ရင်း Seok Jin နာနာကျည်း
ကျည်း ရေရွတ်လိုက်သည်။

မျက်စိရှေ့တည့်တည့်က နှင်းပင်လယ်ကြီးဆီ အကြည့်
ရောက်မိပြန်တော့ အမှတ်တရတွေကို ပြန်တွေးရင်း
ရင်နစ်ရပြန်၏။

ပြောခဲ့ဖူးတဲ့ စကားတွေပါ တစစ ပြန်ကြားယောင်လာ
တဲ့ အခါ ခါးအတွင်တွင် ခါယမ်းလိုက်ပြီး ..

မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်ကာ
ထိုအိမ်ရှေ့က ချာခနဲ လှည့်ထွက်လာခဲ့တယ် ..

လုံလောက်သွားပြီ .. Jeon Jungkook ..

ချစ်လွန်းလို့ ခင်များ ရက်စက်သမျှကို လည်စင်းခံပေး
ခဲ့တာတွေ ..

ထွက်မသွားဖို့ ခင်များ ရှေ့မှာ အကြိမ်ကြိမ် ဒူးဖက်
တောင်းဆိုခဲ့တာတွေ ..

စတေးပစ်ခဲ့တဲ့ အရှက် သိက္ခာနဲ့ မာနတွေ အားလုံး

ရူးရူးကန်းကန်း ကိုးကွယ်ပြီး ရှာဖွေခဲ့တဲ့ အချစ်ရဲ့
တန်ဖိုးတွေ ..

HEWhere stories live. Discover now